အပိုင်း ၁၀

28 1 0
                                    


အပိုင်း(၁၀)

         မဏိ ရုတ်တရက်တွေဝေသွားမိပြန်သည်။
သူမ၏လက်သည်းတို့ ရွှေလင်းယုန်၏ဘယ်
ဘက်ရင်သို့မရောက်မှီ လေထဲ၌ရပ်တန့်သွားခဲ့
သည်။

         ဝှစ်....

         ရွှေလင်းယုန်၏ မျက်နှာကိုစေ့စေ့ကြည့်
ရင်း...ရုတ်တရက် ဆိတ်သုန်းသွားခဲ့သောသူမ
၏ရက်စက်လိုစိတ်တို့ကို သူမကိုယ်တိုင်ပင်နား
မလည်နိုင်တော့....

       သူမ၏သွားစွယ်များ၊လက်သည်းရှည်များ
နှင့် မျက်နှာတဝိုက်မှ အမွှေးအမျှင်တို့ ပြန်လည်
ပျောက်ကွယ်သွားပြန်၏။သူမတို့သမန်းဝံပုလွေ
တို့သည် ဒေါသပြေ၍ဂရုဏာစိတ်ဝင်ချိန်တွင်
လူအသွင် အလိုလိုပြောင်းလဲသွားတက်သည်
မဟုတ်ပါလား....

         ရွှေလင်းယုန် ရုတ်တရက်နိုးလာ၏။သူမ
ကိုပြုံးပြရင်း...

          "မမ မအိပ်သေးဘူးလားဗျ...."

           "ဟင်...."

           သူမထိတ်လန့်သွားပြီး သူမ၏လက်များ
ကိုပြန်ကြည့်လိုက်မိသည်။ လက်သည်းများ
ပျောက်ကွယ်နေသော လက်ချောင်းလေးများကို
မြင်တော့မှသက်ပြင်းချလိုက်ရင်း....

           "မမ အိပ်မပျော်ဘူးဖြစ်နေလို့ပါ...."

           "အိပ်တော့လေ မမရဲ့ သန်းခေါင်တောင်
ကျော်နေပြီ..."

            ရွှေလင်းယုန်က ခဏသာစကားပြော
ပြီးပြန်လည်အိပ်ပျော်နေပြီဖြစ်၏။မဏိ မဆုံး
နိုင်သောအတွေးတို့ကိုမရပ်တန့်နိုင်သေးပါ။

    """""ရွှေလင်းယုန်...ကျွန်မတို့မျိုးနွယ်တွေအ
တွက်...ရှင့်ကိုသတ်ချင်မိတာအမှန်ပါ...ဒါပေ
မယ့် ရှင့်ကိုတခြားပုရိသတွေထက်ကျွန်မပိုပြီး
လေးစားမိလို့ ရှင့်ကိုအခွင့်အရေးပေးမယ်....ရှင်
အိပ်ပျော်နေတုန်းမသတ်တော့ဘူး....ရှင်နဲ့တရား
နည်းလမ်းကျကျတိုက်မယ်.....ကျွန်မရဲ့လက်
သည်းနဲ့ရှင့်နှလုံးသားကိုထုတ်ယူနိုင်မလား...ရှင့်ရဲ့ ကိုးသင်္ချိုင်းဓားကကျွန်မရဲ့အသတ်ကိုချွေယူ
နိုင်မလားဆိုတာကိုပဲ  ကြည့်ကြတာပေါ့....."""""

  """""ဒါပေမယ့်....ရွှေလင်းယုန်....ရှင့်ရဲ့..ကာယ
သိဒ္ဓိအစွမ်းတွေတဖြည်းဖြည်းပျက်စီးသွားတော့
မယ်ဆိုတာ....ရှင်မသိသေးဘူး.....ကျွန်မညနေက ရှင့်ကိုတိုက်ခဲ့တဲ့ရေထဲမှာ ရှင့်ရဲ့ဘုန်းတန်ခိုး
နဲ့ ကာယသိဒ္ဓိကို ပျက်စီးစေတဲ့ ဆေးအစီအရင်
တွေ ထည့်ထားခဲ့တယ်......ရှင်ဟာ မကြာခင်
သာမာန်လူသားတစ်ယောက်ဖြစ်တော့မယ်....
ကျည်ပြီး ဓားပြီးတဲ့သူရဲကောင်းရွှေလင်းယုန်ဆို
တာ....မကြာခင် သာမာန်လူတစ်ယောက်ဖြစ်ရ တော့မယ်....မကြာခင် ကာယသိဒ္ဓိတွေပျက်စီး
တော့မယ်ဆိုတာ..ရှင်နည်းနည်းလေးမှမသိရှာ
ဘူးနော်....."""""

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now