အပိုင်း ၆

27 1 0
                                    

ရင်ကွဲတစ္ဆေ
    
                       အပိုင်း(၆)

          ကျွန်တော်တို့ကားကို မြို့ပြင်ရောက်
သည်အထိမောင်းလာခဲ့ပြန်၏။ လောလော
ဆယ် ဘာလုပ်ရမှန်းမသိ ဧကရာဇ်တို့အတွဲကို
မည်သို့ ဆက်ကူညီရမှန်းမသိပါချေ။

         တစ်နေရာအရောက်တွင် ကားကိုရပ်
လိုက်ရင်း ကျွန်တော် ဧကရာဇ်ကိုမေးလိုက်၏။

       "ဧကရာဇ်...မင်းတို့ဘာဆက်လုပ်ကြမလဲ.."

         ဧကရာဇ်စဉ်းစားရခက်နေဟန်ဖြင့်...

          "ဘာလုပ်ရမှန်းကိုမသိတော့ပါဘူးကွာ...
ငါတို့ဘယ်ကိုပြေးပြေး ငါ့အဖေနဲ့ နန်းစံအဖေက
လက်တန်ရှည်တယ်...သူတို့လူတွေက နေရာ
အနှံ့မှာရှိနေတာ...ငါတို့ကိုမရရအောင်ခွဲကြမှာ
...ကြ..."

           ဝေါ...ကျွီ....

           ဧကရာဇ်၏စကားမဆုံးခင်မှာပင် ကျွန်တော်တို့ကားရပ်ထားသောနေရာ၏ အရှေ့
ဘက် လမ်းသွယ်လေးနှင့် အနောက်ဘက်လမ်း
သွယ်လေးအတွင်းမှအဖြူရောင်ကား၂စီး
ပြိုင်တူထွက်လာပြီး ကျွန်တော်တို့ကားကို အ
ရှေ့အနောက်ပိတ်ကာ ရပ်တန့်လိုက်၏။

             ထိုကား၂စီးကို မြင်လိုက်သည်နှင့် ဧကရာဇ်ရောနန်းစံပါ သိသိသာသာ မျက်နှာ
ပျက်သွားကြ၏။
     အရှေ့ဘက်ကားပေါ်မှ အသက်၄၀ကျော်အ
ရွယ် ရုပ်ရည်သန့်ပြန့်သော လူကြီးတစ်ယောက်
နှင့် လူရွယ်၂ယောက်ခန့်ဆင်းလာပြီး အနောက်
ဘက်ကားပေါ်မှ လူရွယ်၃ယောက်ခန့်ဆင်း
လာ၏။ ထိုလူကြီးမှာ ဧကရာဇ်၏ဖခင် ဦးမျိုး
ဂုဏ်ရှိန် ဖြစ်ပုံရ၏။ ကျွန်တော်တို့ နာမည်သာ
ကြားဖူးပြီး လူကိုယခုမှမြင်ဖူးခြင်းဖြစ်၏။

       ထိုလူကြီးကိုတွေ့လိုက်သည်နှင့် ဧကရာဇ်
ထိတ်လန့်စိုးရွံ့နေသော မျက်နှာဖြင့်

          "ဟင်...ဖေဖေ..."

           ရွှေနန်းစံက ဧကရာဇ်လက်ကို ဆုတ်
ကိုင်လိုက်ရင်း...

          "ကိုကို...နန်းစံကြောက်တယ်...ဦးက..
နန်းစံကို တကယ်ပဲသတ်ပစ်မှာလားမသိဘူး
နော်..."

          ဧကရာဇ်က ချစ်သူ၏ပုခုံးကိုဆုတ်ကိုင်
လိုက်ရင်း...

          "မကြောက်နဲ့ နန်းစံ...ကိုယ်အသက်ရှိနေ
သရွေ့ နန်းစံဘာမှမဖြစ်စေရဘူး..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now