အပိုင်း ၃

33 2 0
                                    


အမှောင်ကမ္ဘာရဲ့ အလင်းရှင်

                        အပိုင်း(၃)

    ဝေါ.....

     မိုးသက်ထန် စိတ်အလိုမကျမှုများစွာနှင့်
ခြံထဲသို့ကားကို ခပ်ကြမ်းကြမ်းမောင်းဝင်
လာရင်း ကားကို ဂိုထောင်ထဲမောင်းထည့်
လိုက်၏။

     ဒုန်း!"...

     ကားပေါ်မှဆင်းလိုက်ပြီး ကားတံခါးကို
ခပ်ကြမ်းကြမ်းဆောင့်ပိတ်လိုက်ရင်း အိမ်ထဲ
သို့ဝင်လာခဲ့သည်။
     ဧည့်ခန်းဆိုဖာတွင် ဝင်ထိုင်လိုက်ပြီး
မချွတ်ရသေးသော ရှူးဖိနပ်ကို အိမ်စေ
မလေးတစ်ယောက်က လာချွတ်ပေးသဖြင့်
ခြေထောက်ကို အနည်းငယ် ကြွပေးထားရင်း
သူ၏အနည်းငယ်နာကျင်နေသေးသော ပါးပြင်
ကိုထိကိုင်လိုက်ရင်း တက်ခေါက်လိုက်မိသည်။

      "တောက်!!.."
"မလောက်လေးမလောက်စားနဲ့ကွာ..."

     ဖိနပ်ချွတ်ပေးနေသော အိမ်စေမလေးက
သူ့ကိုပြောသည်အထင်နှင့် မျက်လုံးလေး
ဝိုင်းသွားပြီး မိုးသက်ထန်ကို စိုးရွံ့စွာ မော့ကြည့်
ရှာ၏။

     "အကိုလေး... ဘာလို့လဲဟင်..."

      မိုးသက်ထန်က အိမ်စေမလေးကို
ခပ်မာမာ ပြန်ကြည့်ရင်း

      "မင်းကိုပြောတာမဟုတ်ပါဘူး...
ကိုယ့်အလုပ်ကိုယ်လုပ်..."

      "ဪ... ဟုတ်.. ဟုတ်.."

     ပိုးအိမ်က မိုးသက်ထန်ရှိရာ ဆိုဖာခုံနံဘေး
သို့ ရောက်လာပြီး မလှမ်းမကမ်းရှိအခြား
အိမ်စေမလေးတစ်ယောက်ကို လှမ်းပြောလိုက်၏။

    " မိစု... အကိုလေးအတွက် အအေးဖျော်ခဲ့...
မြန်မြန်လုပ်နော်... သကြားမများစေနဲ့..."

     ထိုမိန်းကလေးက ပိုးအိမ်ကိုခေါင်းညိမ့်ပြ
ရင်း

     "ဟုတ် မမပိုး...မြန်မြန်​ဖျော်ခဲ့ပါ့မယ်..."

     ပိုးအိမ်က မိုးသက်ထန်ကိုပြုံး၍
ကြည့်လိုက်ရင်း

    " အကိုလေး ရေချိုးဖို့ ရေနွေးနဲ့ ရေအေး
စပ်ပေးထားပါတယ်... "

     မိုးသက်ထန်က ပိုးအိမ်ကိုခေါင်းညိမ့်ပြ
လိုက်ရင်း

      "အေး... ကျေးဇူးပဲ... ပိုးအိမ်...
ညစာ ငါးရံ့အူနဲ့ ကျောက်ပုဇွန်...အဲ့ဒီ့ နှစ်ခုကို
နင်ကိုယ်တိုင်ချက်ပေး...
     တခြားလူတွေချက်တာငါစိတ်တိုင်းမကျဘူး...
ကျန်တာတွေကတော့ဘယ်သူ ချက်ချက်
ရတယ်..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now