နှလုံးသွေးနဲ့ ရေးတဲ့ကျိန်စာ အပိုင်း(၁၀)
နှင်းကဗျာ လှေကားအခြေအထိပြုတ်ကျ
သွားပြီး ခဏငြိမ်သက်နေပြီးမှ ပြန်၍ထလာသည်
တွင် သူမကိုင်ထားသောဓားမှာ သူမ၏ဝမ်းဗိုက်
တွင် ပြန်လည်စိုက်ဝင်နေသည်ကိုတွေ့လိုက်ရ
သဖြင့် ထင်လင်းထိတ်လန့်သွားမိသည်။ ကိုယ်ဝန်
ပျက်စီးသွားမည်ကို ထင်လင်းအလွန်စိုးရိမ်သွားမိ
သည်။"ဟင်!...နှင်း..."
နှင်းကဗျာက နာကျင်မှုမရှိတော့သော
သူတစ်ယောက်လို အံကျိတ်ပြုံးလျှက် ဝမ်းဗိုက်
မှ ဓားကိုဆွဲနှုတ်လိုက်၏။ဇွပ်...
" အ!...အာ..."
နှင်းကဗျာ နှုတ်ခမ်းမှစီးကျလာသော သွေး
စေးတို့ကို လက်ဖမိုးဖြင့်သုတ်လိုက်ရင်း အမုန်း
တရားတို့ပြည့်နှက်နေသော မျက်လုံးတို့ဖြင့်
ထင်လင်းအား စူးစိုက်မော့ကြည့်ရင်း"ရှင့်ကို...ကျွန်မ ဘယ်ဘဝရောက်ရောက်
ခွင့်မလွတ်ဘူး... ရှင့်ကို သေတာထက်နာကျင်
တဲ့ ဝေဒနာတွေပေးခဲ့မယ်...
ရှင်ရော...ရှင့်အသက်တမျှချစ်တဲ့ရှင့်ညီမ
ရော... လူတစ်ယောက်ကို ဘယ်တော့မှ ၁၅၀၀
မေတ္တာနဲ့ ချစ်လို့မရတော့ဘူးဆိုတာ မှတ်ထား
...ချစ်ချင်းမေတ္တာကို စော်ကားပြီး အသုံးချခဲ့တဲ့
အတွက် ရှင်တို့ကို ကျွန်မကျိန်စာတိုက်ခဲ့တာ...
ရှင်နဲ့ ရှင့်ညီမ...ပြီးတော့ မတော်တဆ ရှင်
တို့မှာ မျိုးဆက်ဆိုတာ ရှိလာရင်တောင် အဲ့ဒီ့မျိုး
ဆက်တွေလည်း ဒီကျိန်စာကို သင့်ကြပါစေ....
ဒီနေ့က စပြီး ရှင်တို့တွေ လူတစ်ယောက်
ကို ၁၅၀၀ မေတ္တာနဲ့ချစ်မိရင် အဲ့ဒီ့လူကလည်း
ရှင်တို့ကို ၁၅၀၀ မေတ္တာနဲ့တုံ့ပြန်ပြီး ပြန်ချစ်ရင်
ချစ်တဲ့သူရော ပြန်ပြီးတုံ့ပြန်ချစ်တဲ့သူပါ ခွေးနက်
ကြီးနဲ့ ကျွန်မရဲ့ ဥပါတ်ပေးခြင်းကို ခံစားရပါ
စေ... ရှင်နဲ့ ရှင့်ညီမဒီနေ့ကစလို့ ချစ်ချင်းမေတ္တာ
ကို ချစ်တဲ့သူနဲ့အတူခံစားမိတာနဲ့ ရှင်တို့နဲ့ ရှင်တို့
ချစ်တဲ့သူ တစ်ယောက်ယောက်ကတော့ အနည်း
ဆုံးသေရမယ်ဆိုတာ မှတ်ထား....
ရှင်တို့ကို ချစ်တဲ့သူကို ပြန်ပြီးချစ်တယ်ဆို
တဲ့ အရိပ်အယောင်ပြလိုက်တာနဲ့ ကျိန်စာအ
သက်စဝင်ပြီဆိုတာမှတ်ထားပါ... ဒါပေမယ့် ရှင့်
အတွက်ကတော့ ရှင်ကအိမ်ထောင်သည်ဖြစ်နေ
တဲ့အတွက် ကျိန်စာက အသက်ဝင်ပြီးနှင့်နေပြီ...
ရှင်နဲ့ ရှင့်ဇနီး တစ်ယောက်ယောက်ကတော့
မကြာခင် သေရမှာ အသေအချာပဲ....
ချစ်ချင်းမေတ္တာကို လိုအပ်သလို စော်
ကား အသုံးချခဲ့တဲ့ ရှင်နဲ့ ရှင့်အချစ်ဆုံးရှင့်ညီမ
ကို ကျွန်မကျိန်စာတိုက်ခဲ့တယ်..."
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇