အပိုင်း ၂၀

18 1 0
                                    

ရင်ကွဲတစ္ဆေ
       
                       အပိုင်း(၂၀)

      ကျွန်တော်ရော ဒေဝီပါ ကြိုတင်တိုင်ပင်ထား
သည့်အတိုင်း ကုတင်ပေါ်မှတဖက်ဆီသို့ပြိုင်တူ
လှည့်၍ခုန်ဆင်းလိုက်ကြပြီး မွှေ့ယာပေါ်ခင်းထား
သောအိပ်ခင်းကို တစ်ခြမ်းစီဆွဲ၍ဖယ်လိုက်ကြ
သည်။(ထိုသို့ နှစ်ခြမ်းဖြစ်နေစေရန် အစကတည်း
က ကြိုတင်ပြုလုပ်ထားခြင်းဖြစ်သည်။)

     အိပ်ခင်းကို ရုတ်တရက်ဖယ်လိုက်ချိန်တွင် မွှေ့
ယာပေါ်တွင် ပေါ်လာသော တစ္ဆေဖမ်းအင်းပေါ်
သို့ မျက်နှာကြက်မှ ဇောက်ထိုးခုန်ချလာသည့်
ဝိညာဉ်အမျိုးသမီး တည့်တည့်ပြုတ်ကျတော့၏။

      "အား!!!....."
     "ငါ့ကိုလွှတ်ပေး....ပြန်လွှတ်ပေး...."

      ဝိညာဉ်မက တစ္ဆေဖမ်းအင်းပေါ်တွင် လှုပ်
ရှား၍ မရတော့သဖြင့် လှုပ်ခါအော်ဟစ်နေ၏။
ဒေဝီနှင့်ကျွန်တော် ကြိုတင်ပြင်ဆင်ထားသည့်
အတိုင်း တစ္ဆေဖမ်းအင်းပုံဆွဲထားသော မွှေ့ယာ
ပေါ်မှ ပိတ်သားကြီးကို ၂ယောက်တစ်ဖက်စီဆွဲ
ကာ အလယ်သို့ ပြိုင်တူပစ်၍ခေါက်လိုက်သည်။

     "အား!...."

     ဝုန်း....

      ဝိညာဉ်အမျိုးသမီး ရုတ်တရက်ပျောက်သွား
တော့၏။ ကျွန်တော် ခပ်မြန်မြန်ပင် အင်းကွက်ဆွဲ
ထားသော ပိတ်သားကြီးကို အမြန်ခေါက်လိုက်
သည်။ကျွန်တော်ရောဒေဝီပါ ရှေ့ဆင့်နောက်ဆင့်
သက်ပြင်းချလိုက်ကြပြီး တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကာ ပြုံးလိုက်မိကြသည်။

        ဝိညာဉ်အမျိုးသမီးအား အင်းပုံပါသော
ပိတ်သားထဲတွင် ခေတ္တထိန်းသိမ်းထားခြင်းဖြစ်
သည်။ တစ်ဆင့် အောင်မြင်သွားပြီမို့ ၂ယောက်
စလုံး အနည်းငယ်စိတ်ပေါ့ပါးသွားကြသည်။

      ကျွန်တော်လည်းအနည်းငယ်မှောင်နေသော
အခန်းကို လျှပ်စစ်မီးများဖွင့်လိုက်လျှင် စိတ်ပိုမို
လန်းဆန်းသွားလိမ့်မည်ဟုတွေးမိကာ မီးခလုတ်
ကို နှိပ်၍ မီးဖွင့်ချလိုက်သည်။

      ထောက်...

      "အား!....ကိုဇာမဏီ..."

      အင်္ကျီဂျိုင်းပြတ်နှင့် စတော်ကင်ဘောင်းဘီကပ်
ကပ်လေးသာ ရှိနေသောဒေဝီက သူမခန္ဓာကိုယ်ကို
ခေါင်းအုံးဖြင့်အမြန်ဆွဲကာရင်း အလန့်တကြား
အော်၏။ကျွန်တော်လည်း ကမန်းကတမ်းပင် ဒေဝီ့ကို
မျက်နှာလွှဲလိုက်ကာ မီးခလုတ်ကို ပြန်ပိတ်လိုက်ရ၏။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now