သန္ဓေသားပျော်ဆေး အပိုင်း ၁

29 1 0
                                    

သန္ဓေသားပျော်ရည်ဆေး
အပိုင်း(၁)

ဂျိန်း!....

ဝေါ....ဝေါ.....

ဂျိန်း!........

သည်းထန်လွန်းလှသော မိုးစက်များ
အောက်၌ ညကာလသည် ပို၍ မှောင်မိုက်
လျှက်ရှိနေ၏။ကျယ်လောင်လှသောမိုးခြိမ်းသံ
များနှင့်အပြိုင် လျှပ်ပန်းတို့ကလည်း လင်းခနဲ
လင်းခနဲဖြင့် အကြိမ်ပေါင်းများစွာ ကောင်းကင်
၌ နရောလုနကွေ၏။

ည ၁၀ နာရီကျော်ပြီဖြစ်သည်။ကတ္တရာ
လမ်းမကြီးသည်လည်း ကားအသွားအလာ
ရှင်းလင်းလျှက်ရှိပြီး မြွေနက်ကြီးတစ်ကောင်
လဲလျောင်းနေသကဲ့သို့ ငြိမ်သက်လျှက်ရှိနေ၏။

ဇော်အောင်နှင့်သက်ထားတို့ဇနီးမောင်နှံ
၂ယောက် စျေးတစ်ခုတွင်ဖွင့်ထားသော
၎င်းတို့၏ ကုန်ခြောက်ဆိုင်လေးတွင် စျေး
ရောင်းချခဲ့ပြီး အိမ်သို့ပြန်လာခဲ့ကြခြင်း
ဖြစ်သည်။
အပြန်တွင် အခြားအလုပ်ကိစ္စဖြင့် လှိုင်
သာယာဘက်မှ မိတ်ဆွေတစ်ယောက်ထံသွား
နေခဲ့သဖြင့်ယခုကဲ့သို့ ပို၍အိမ်ပြန်နောက်ကျ
နေခဲ့ခြင်းဖြစ်သည်။
မကြာမီသူတို့နေထိုင်ရာ လူလတ်တန်းစား
တို့နေထိုင်သော ရပ်ကွက်လေးသို့ ပြန်ရောက်ပေ
တော့မည်။
မထင်မှတ်ဘဲမိုးမိထားကြသဖြင့် မိုးကာများ
ဝတ်ဆင်ထားသည့်ကြားမှပင် ၂ယောက်စလုံး
ချမ်းအေးသည့်ဒဏ်ကိုခံနေရ၏။

ကတ္တရာလမ်းမကြီးက လူသူရှင်းလွန်းနေပြီး
ဇော်အောင်တို့ ဆိုင်ကယ်လေးတစ်စီးသာ ရှိနေပြီး
ခပ်မြန်မြန်ရွေ့လျားနေ၏။
လမ်းက ပုံမှန်ထက်ကြမ်းသည်မို့ ဇော်အောင်
ဆိုင်ကယ်ကို ပုံမှန်ထက်မြန်မြန်မမောင်းပါ။
အဘယ့်ကြောင့်ဆိုသော် သူ၏နောက်ဘက်
တွင် သူ့ခါးအားဖက်၍ လက်ပါလာသော
သူ၏ဇနီးသက်ထားမှာ ကိုယ်ဝန်ရင့်နေပြီ
ဖြစ်ပြီး ဆိုင်ကယ်ခုန်သည့်ဒဏ်ကို ခံ၍မဖြစ်
သောကြောင့်ဖြစ်သည်။
ဇော်အောင်က ကိုယ်ဝန်ရင့်မာလာသော
ဇနီးသည်ကို အိမ်တွင်အေးအေးဆေးဆေး
အနားယူကာ နေခဲ့ရန်ပြောသော်လည်း သက်ထား
က ခင်ပွန်းကိုကူညီလိုသဖြင့် နောက်ထပ်ရက်
အနည်းငယ်မှသာ အိမ်တွင်နေမည်ဟုပြောပြီး
ယခုတိုင် စျေးသို့အတူလိုက်ကာ ကူညီစျေး
ရောင်းပေးနေဆဲဖြစ်သည်။
ဘဝသမားများဖြစ်သည်မို့ စျေးရောင်းကောင်း
နေသော သူတို့၏ ကုန်မာဆိုင်လေးတွင်
အရောင်းသွက်နေခဲ့သည်ကို သက်ထားကျေနပ်
မိနေသဖြင့် သူမ ကိုယ်ဝန်ရင့်လာသည်ကို
ပဓာနမထားဘဲ ခင်ပွန်းနှင့်တန်းတူအလုပ်လုပ်
နေသေးခြင်းဖြစ်သည်။
ဇော်အောင်က ကိုယ်ဝန်ရင့်လာသဖြင့် အိမ်
တွင်ကျန်ရစ်ခဲ့ရန် နေ့စဥ်လိုလိုပြောသော်လည်း
သူမ ယနေ့အထိတော့ခင်ပွန်းစကားကို နားမ
ထောင်ဖြစ်သေးပါ။
ဟုတ်တော့လည်းဟုတ်သည် သူတို့၏ ကုန်
ခြောက်ဆိုင်လေးသည် ၂ ယောက်စလုံးအတူ
ရောင်းသည်ကိုပင် အပတ်မလည်ဘဲ အတော်
ရောင်းအားကောင်းနေသဖြင့် သက်ထားလောဘ
မသတ်နိုင်သေးသည်မှာလည်း အပြစ်မဆိုသာ
ပါပေ။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now