အပိုင်း ၁၁

19 1 0
                                    


ရင်ကွဲတစ္ဆေ (အပိုင်း ၁၁)
   
           
         လမ်းသွယ်တစ်ခုဖြစ်သော်လည်း လမ်း
ညီညာဖြောင့်ဖြူးနေသဖြင့် အနက်ရောင်ကား
လေးမှာ လမ်းပေါ်တွင် အရှိန်ပါပါပြေးလွှားနေ
သည်။
       ကားပေါ်တွင် လူထွားကြီးတစ်ယောက်က
ကားမောင်းနေပြီး လူထွားကြီး၏နံဘေးခုံတွင်
ခေတ်ဆန်ဆန် ပုံသဏ္ဍာန်ဖြင့် မိန်းမချောတစ်
ယောက်ရှိနေပြီး ကားနောက်ခန်းတွင် လက်
မောင်း၂ဘက်စလုံးတက်တူးရုပ်များပြည့်နေ
သော ခပ်ပိန်ပိန်လူရွယ်တစ်ယောက်ပါလာ၏။
၃ယောက်စလုံး ခေတ်ဆန်ကြပြီး မိုက်ကန်းကန်း
ပုံစံရှိကြ၏။

      "နင့်လုပ်ပုံကောင်းသေးရဲ့လားကြာနက်..."

             မိုးကြိုးက ကားမာင်းနေရင်း နံဘေး
ခုံရှိကြာနက်ကိုပြောလိုက်ခြင်းဖြစ်သည်။သူမ
မိုးကြိုးကို မျက်မှောင်ကျုံ့၍ပြန်ကြည့်ရင်း

        "ဘာလဲဟ အရင်းမရှိ အဖျားမရှိ ငါက
ဘာလုပ်နေလို့လဲ..." 

            ကားနာက်ခန်းရှိ မုန်တိုင်းကလှမ်းပြော
လိုက်၏။

              "နင်ဟိုကောင်တွေရန်ပွဲကိုဝင်ပါတာ
ကိုပြောနေတာ..."

              "ဪ...ဒါလား...အမြင်မတော်လို့
ဝင်ပါလိုက်တာပါ..."

          မိုးကြိုးက သူမကိုမကျေနပ်သလိုကြည့်
ရင်း...

         "နင့်ဘဝမှာ ဘယ်တုန်းကသူများကိုကူညီ
တယ်ဆိုတာရှိခဲ့ဖူးလို့လဲ... အခုမှလျှောက်ပြီး
အတက်ဆန်းနေတယ်... အခုချိန်က ရဲတွေငါတို့
သတင်းကို အနံ့ခံနေတဲ့အချိန်...အတက်နိုင်ဆုံး
ရုတ်ရုတ်သဲသဲ လူသိရှင်ကြားဖြစ်လာနိုင်တဲ့ကိ
စ္စမျိုးတွေကို ရှောင်သင့်တယ်...
           နင် အဲ့ကောင်တွေနဲ့တိုက်ခိုက်နေတုန်း
ရဲက ရန်ဖြစ်လို့ဆိုပြီးဆွဲစိရင်...နင်ရဲစခန်းရောက်
တာနဲ့ နင်ကိုယ့်သေတွင်းကိုယ်တူးမိသလိုဖြစ်မှာ
ပဲ... နောက်ဆို သိုသိုသိပ်သိပ်နေစမ်းပါဟာ...
ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေဝင်မပါစမ်းပါနဲ့..."

           "ငါ အဲ့ဒီ့၃ယောက်နဲ့ချနေတဲ့အချိန်က
တည်းကနင်တို့ရှိနေကြတာလား..."

           ငါတို့ကားပေါ်ကနေအကုန်လှမ်းမြင်
တယ်...

           "ဘာလို့ငါ့ကိုလာမကူတာလဲ..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now