၁၄

17 1 0
                                    

သန္ဓေသားပျော်ရည်ဆေး
                        အပိုင်း(၁၄)

     ရန်ကြီးအောင် အလောတကြီးပင်
ခြံဝန်းအတွင်းသို့ မောင်းဝင်ခဲ့ပြီး အိမ်တံခါး
ကိုဆွဲဖွင့်လိုက်၏။
     ခြံတံခါး အိမ်တံခါးများမှာပွင့်နေသဖြင့်
အိမ်ထဲတွင် သူထင်ထားသည့်အတိုင်းတစ်စုံ
တစ်ယောက်ရောက်နေမှန်း ရန်ကြီးအောင်
သိလိုကျ၏။

     တံခါးဆွဲဖွင့်ပြီးသည်နှင့် ဧည့်ခန်းကိုကျော်
ကာ အတွင်းဘက် အခန်းကျယ်သို့အမြန်
လျှောက်လာခဲ့၏။

     ဟင်...

     သူ မျှော်လင့်ထားသလိုပင် ဇော်မျိုး
အားတွေ့လိုက်ရသဖြင့် ရန်ကြီးအောင်
မျက်မှောင်ကျုံ့လိုက်မိသည်၏။

     ဇော်မျိုး၏ ရှေ့တွင် ကြွေအိုးအကွဲစများ
ပြန့်ကျဲနေပြီး ဆေးရည်တို့လည်း ဖိတ်စင်
အိုင်ထွန်းနေ၏။

     ရန်ကြီးအောင် သူ၏အသက်တမျှ
တန်ဖိုးထားရသော အစီအရင်ဆေးရည်များ
ပါသော ကြွေအိုးများဖျက်ဆီးခံလိုက်ရသဖြင့်
ဇော်မျိုးအား မီးတောက်လုမတက်အောင်
စူးရဲလှသော မျက်ဝန်းတို့နှင့်စူးစိုက်ကြည့်
၍ လက်ညိုးငေါက်ငေါက်ထိုးလိုက်ရင်း

     "ဇော်မျိုး.....မင်း...မင်းငါတန်ဖိုးအထားဆုံး
အရာတွေကို ဖျက်ဆီးရဲတယ်ပေါ့...ငါမရှိတုန်း
သူခိုးကျင့်သူခိုးကြံနဲ့ ငါ့အိမ်ထဲဝင်ပြီး ငါ့ပစ္စည်း
တွေကို ဖျက်ဆီးတဲ့ကောင် လူယုတ်မာ..."

     ဇော်မျိုးက ရန်ကြီးအောင်ကို ထီမထင်
သလို ကြည့်၍ ဟားတိုက်ရယ်လိုက်ရင်း

     "ဟား....ဟား....ဟား.....ကျုပ်က လူယုတ်
မာ ဟုတ်လား....ဒါဆိုခင်ဗျားက လူယုတ်မာ
ထက် ပိုဆိုးတဲ့ မကောင်းဆိုးဝါး အယုတ်တ
မာကောင်ပေါ့....
     အခု ကျုပ် ခင်ဗျားအတွက်မရှိမဖြစ်လို
အပ်တဲ့ အစီအရင်ဆေးတွေပါတဲ့ အိုးတွေ
အကုန်ရိုက်ခွဲပစ်လိုက်ပြီ....ခင်ဗျားဘာတက်
နိုင်သေးလဲ....ဟမ်...."

     ရန်ကြီးအောင် ဒေါသစိတ်ကြောင့် မျက်ဝန်း
တို့နီရဲနေပြီး ခွန်းတုံ့မပြန်နိုင်လောက်အောင်
ဒေါသထွက်နေမိသည်။

     ဇော်မျိုးက ရန်ကြီးအောင်အား ကြောက်ရွံ့
သည့်အမူအယာမပြဘဲ ပြုံးလိုက်ရင်း

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now