ကယ်တင်ရှင်သေမင်း
အပိုင်း(၁၅) (ဇာတ်သိမ်းပိုင်း)မေရန်ငြိမ်း ကိုက်ခဲနေသော ခေါင်းကို
ခါရမ်းလိုက်ရင်း မျက်လုံးကို တဖြည်းဖြည်း
ဖွင့်ကြည့်လိုက်မိသည်။"ဟင်..."
သူမအံ့ဩသွားမိသည်။ သူမနံဘေးတွင်
ဇာမဏီ၊ရှိုင်းနေနှင့် ဦးသီဟတို့ကိုပါ တွေ့ရ
ပြီး သုံးယောက်စလုံးသူမကဲ့သို့ပင် ခြေ၂
ဖက် လက်၂ဖက်ကို ကြိုးများဖြင့် ပူး၍အချည်
နှောင်ခံထားရသည်။သူတို့အရှေ့ရှိ မလှမ်းမကမ်း နေရာမှာ
အနည်းငယ် ကြမ်းကိုမြင့်မားအောင် ပြု
လုပ်ထားပြီး ထိုမြင့်မားနေသော ၇ပေပတ်
လည်ခန့်နေရာ အလည်၌ သံစားပွဲတစ်ခုရှိနေ
၏။" ဟင်..."
ထိုစားပွဲပေါ်တွင်ေဒဝီ့ကို ပက်လက်အနေအ
ထား ကြိုးများဖြင့်တုတ်နှောင်ထား၏။ ဒေဝီ့ ခြေတစ်ဖက် လက်တက်ဖက်စီကို စားပွဲရှည်ခြေရင်း ခေါင်းရင်းတွင် စိုက်ထားသော သံတိုင်များနှင့်တွဲ
ကာ ကြိုးချည်ထားခြင်းဖြစ်သည်။
မလှမ်းမကမ်းရှိ ဧရာမတိုင်ကပ်နာရီကြီးမှာ
၁၂ နာရီထိုးရန် ၅မိနစ်သာလိုတော့သည်ကို
တွေ့လိုက်ရသည်။
ည သန်းခေါင် ၁၂ နာရီပင်ထိုးလုပြီဖြစ်သည်။
ဒေဝီက နောက်ဆုံးမှ သတိရလာသော အမဖြစ်သူ
မေရန်ငြိမ်းကို နွမ်းလျှစွာ ပြုံးပြရှာ၏။အခန်းအနေအထားမှာ မြေတိုက်ခန်း
တစ်ခုဖြစ်နိုင်ကြောင်းကို မေရန်ငြိမ်းတွေး
မိလိုကျ၏။ဒေဝီ့ခုံ ခေါင်းရင်းဘက်တွင် မဟူရာ
ရှိနေ၏။မဟူရာက ငွေရောင်တလက်လက်နှင့်
တောက်ပနေပြီးထက်မြနေသော ၈ လက်မခန့်
ဓားတိုတစ်ချောင်းကို ညာလက်မှဆုတ်ကိုင်
ထား၏။
သူမ ဦးခေါင်းကိုမော့ထားကာ လက်၂ဖက်ကို
ဆန့်တန်းထားပြီး မန္တန်တစ်ခုကို ရွတ်ဆိုနေ၏။
လေမတိုက်သော မြေအောက်ခန်းနေရာ၌ ဖြစ်သော်လည်း သူမ၏အနက်ရောင် ခါးဆက်ဝတ်စုံ
မှာ လေတိုက်သကဲ့သို့ တဖျက်ဖျက်လွင့်၍နေ
၏။
အချိုးအဆစ်ကျလှသော သူမ၏ ခန္ဓာကိုယ်
ကောက်ကြောင်းများက အပျော့သားအနက်
ရောင်ဝတ်စုံနှင့် အလွန်ပင်လိုက်ဖက်ပြီး အပူ
ရောင်အလှနှင့် လှပနေသော်လည်း သူမ၏
မျက်လုံးများက နတ်ဆိုးတစ်ကောင် ကဲ့သို့ပင်
စဉ်းလဲရက်စက်မည့် အငွေ့အသက်တို့က ဖုံး
လွှမ်း၍နေ၏။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇