အပိုင်း ၁၃

23 0 0
                                    


အမှောင်ကမ္ဘာရဲ့ အလင်းရှင်

                       အပိုင်း(၁၃)

     မိုးသက်ထန် shopping ထွက်ခဲ့သည်ကို
ဒေဝီ လိုက်ခဲ့ရပြန်သည်။ ဤတစ်ကြိမ်
တော့ ဒေဝီ့ကို အထုတ်ဆွဲခိုင်းပြီး ညှင်းဆဲ
ရန် မလုပ်တော့ဘဲ အဖော်သာခေါ်ခဲ့ခြင်းဖြစ်
ပါသည်။
     အနည်းငယ်သာ ဝယ်ခဲ့သော ပစ္စည်းအိတ်
အချို့ကိုလည်း မိုးသက်ထန် သူ့ဘာသာဆွဲ
ပြီး ဒေဝီ့ကို ပေးမသယ်တော့ပါ။
     ဒေဝီက ရိုကျိုးစွာ ဆက်ဆံသလိုမိုးသက်ထန်
ကလည်း အပြုံးတို့ထုံမွှန်းထားသော နွေးထွေး
မှုတို့ဖြင့် ​ေဒဝီ့ကို ဆက်ဆံ၏။ သူတို့၂ ဦး၏
ဆက်ဆံရေးက အလုပ်ရှင်အလုပ်သမားနှင့်
မတူတော့ဘဲ ချစ်သူ၂ ဦးစျေးဝယ်ထွက်နေသည်
နှင့်ပင် တူနေ၏။

     နာမည်ကြီး အမျိုးသမီး အထည်ဆိုင်တစ်ခု
၏ အဝင်အဝတွင် အရုပ်မလေးတစ်ရုပ်၏
ခန္ဓာကိုယ်တွင် ရှိနေသော မြန်မာဝတ်စုံလေး
ကို မိုးသက်ထန် ပြုံး၍ကြည့်ရင်း

     "လရောင်... ငါ မိန်းကလေးသူငယ်ချင်း
တစ်ယောက်ကို ဒီဝတ်စုံ မွေးနေ့လက်ဆောင်
ပေးချင်လို့ အဲ့ဒါမင်းဝတ်ပြပါလား..."

     ဒေဝီက မိုးသက်ထန်ကိုကြည့်ရင်း

     "အကိုလေးသူငယ်ချင်းကိုပေးမှာ ကျွန်မ
ဝတ်ပြဖို့လိုလို့လား..."

     မိုးသက်ထန်က ခေါင်းညိမ့်ပြရင်း

     "သူက မင်းနဲ့ ခန္ဓာကိုယ်အနေအထား
အတူတူပဲ အဲ့ဒါကြောင့်ဝတ်ခိုင်းတာ...
မင်းနဲ့လိုက်ရင် သူနဲ့လည်းလိုက်မှာပဲ..."

     "ဪ... ဟုတ်ကဲ့အကိုလေး..."

     မိုးသက်ထန်က အရောင်းဝန်ထမ်းကောင်း
မလေးကို ခေါ်လိုက်ရင်း

     "ဒီဝတ်စုံလေးက ဘယ်လောက်ကျမလဲ
ညီမလေး..."

    အရောင်းဝန်ထမ်း ကောင်မလေးက

    "ဟုတ်ကဲ့... ဒီဝတ်စုံကအကျင်္ီရော လုံချည်
ရောတွဲယူမှ ရမှာပါ ... စျေးကတော့
ရှစ်သိန်း လေးသောင်းပါရှင့်...ဒီဇိုင်နာ
ကိုဖြိုးမြတ်ကိုယ်တိုင် ချုပ်ထားတာပါရှင့်..."

     မိုးသက်ထန် ခေါင်းညိမ့်လိုက်ရင်း

     "ဟုတ်ပြီ... ယူမယ်... ဒါပေမယ့်
ဝတ်ကြည့်ဦးမယ်နော်..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Onde histórias criam vida. Descubra agora