ရင်ကွဲတစ္ဆေ
အပိုင်း(၁၂)"သမီး......"
သွေးပျက်မတက် အရူးတစ်ပိုင်းဖြစ်ကာ
သွေးသံရဲရဲနှင့် မိုးပုလဲ၏အလောင်းကို ပွေ့ဖက်
ထားရင်း ရွှေစင်တစ်ယောက်အော်ငိုနေပါ၏။
သူမ၏ရင်၌ မည်မျှခံစားနေရမည်ကို နွယ် မိခင်
ချင်းကိုယ်ချင်းစာမိသည်။
နွယ်လည်း မိုးပုလဲလေး၏ အသက်မဲ့ခန္ဓာ
ကိုကြည့်ရင်း ငိုနေမိသည်။ နေထူးကတော့ ကျောက်ရုပ်တစ်ရုပ်လိုမှိုင်တွေစွာရပ်နေရင်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထား၏။
သူ၏ရင်၌ ယူကြုံးမရခြင်းနှင့်အတူ ဝမ်းသာ
ခြင်းသည်လည်း တစ်ပြိုင်နက်ဖြစ်ပေါ်လာမိ
တော့သည်။ မျက်ရည်များကျနေသော်လည်း
နေထူးအနည်းငယ်ပြုံးလိုက်မိသည်။🕛🕧🕐
ခုန်လှုပ်နေဆဲဖြစ်သော နှလုံးသားတစ်ခု
ကို စနစ်တကျထည့်သွင်းထားသော အအေးခန်း
သေတ္တာငယ်လေးတစ်ခု အတွင်းမှ ဆရာဝန်ကြီး
ထုတ်ယူလိုက်၏။
မေ့ဆေးအရှိန်ဖြင့် မေ့မျောနေဆဲဖြစ်
သော မြတ်ဖူးဝေ၏ဘယ်ဘက်ရင်အုံနေရာ၌ ခွဲစိတ်ဓားဖြင့်ခွဲ၍ဖွင့်ထားပြီး ဟင်းလင်းပွင့်
နေသော ရင်ဘက်နေရာမှ နှလုံးသားအသစ်ကို စောင့်မျှော်လျှက်ရှိသည်။ဆရာဝန်ကြီး၏ညွှန်ကြားမှုဖြင့် မတူ
ညီသော အလုပ်မျိုးစုံကို အာရုံစူးစိုက်ကာ လုပ်
နေကြသော ဆရာဝန်များအားလုံး အဲကွန်းခန်း
အတွင်းပင်ဖြစ်လင့်ကစား အနည်းငယ်ချွေးစို့
နေကြ၏။ ခွဲစိတ်ဓား အသင့်ရွေးယူပေးသူ၊
ချုပ်ရိုးဖြတ်တောက်သူ နှင့်အခြားအလုပ်ကိုယ်
စီလုပ်နေကြသော်လည်း လှုပ်ရှားသံအနည်း
ငယ်မှအပ ခွဲစိတ်ခန်းတွင်းတိတ်ဆိတ်ခြင်းက
သာ အသာစီးရနပေါ၏။မိနစ်အနည်းငယ် ထပ်အကြာတွင်
ဆရာဝန်ကြီး၏မျက်နှာမှာ ပြုံးယောင်သမ်း
သွားပြီး အခြားမျက်နှာဖုံးစည်းထားကြသော
ဒေါက်တာ အားလုံးကိုခေါင်းညိမ့်ပြလိုက်တော့
၏။ အားလုံးပြိုင်တူ ပြုံးသွားကြပြီး အချို့ဆ
ရာဝန်များမှာ သက်ပြင်းချလိုက်ကြတော့သည်။🕛🕧🕐
ခွဲစိတ်ခန်းအတွင်းမှထွက်လာသော နှလုံး
အထူးကု ဆရာဝန်ကြီးကို အခန်းဝ၌စောင့်နေ
သော နေထူးအလောသုံးဆယ်မေးလိုက်မိ
သည်။
"ဆရာ....ဆရာ...ကျွန်တော့်သမီးလေး
အခြေအနေ..."
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇