ရင်ကွဲတစ္ဆေ
အပိုင်း(၅)
ဧကရာဇ်နှင့် ရွှေနန်းစံ ဖခင်များမျက်ခြေ
ပျက်စေရန် ပုန်းလျှိုးကွယ်လျှိုးသွားနေရသဖြင့် ခရီးမတွင်လှပါ။
ယခုအချိန်ဆိုလျှင်လည်း ဦးအာကာညံ
ရော ဦးမျိုးဂုဏ်ရှိန်ပါ သူတို့ချစ်သူနှစ်ဦးအား
မြေလှန်ရှာဖွေနေရော့မည်။
ဖခင်၂ယောက်စလုံးအရှိန်အဝါကြီးသူ
များဖြစ်၍ သံသယရှိရာနေရာများသို့ ၎င်းတို့
၏ လက်ပါးစေများကို ဖြန့်ကျက်ထားပေလိမ့်
မည်။ မျက်လုံးပေါင်းနားပေါင်းများစွာ ပိုင်ဆိုင်
ထားသော ဖခင်၂ယောက်၏လက်မှ လွတ်
မြောက်နိုင်ရေးမှာ ထင်သလောက်မလွယ်ကူပါ
ချေ။အစကဧကရာဇ်၏သူငယ်ချင်းတစ်
ယောက်ရှိသော ပြည်ဘက်ရှိရွာလေးတစ်ရွာ
သို့ခေတ္တ ရှောင်တိမ်းကြရန်တွေးထားခဲ့ကြသော်
လည်း ထိုရွာသို့အသွားခရီး၌ပင် လမ်း၌ ရန်ကုန်
သို့ပြန်လှည့်ပြေးခဲ့ကြရသည်မဟုတ်ပါလား...
ယခုတော့ ပြည်ဘက်သို့သွားရာလမ်း
ကြောင်းအား ဖခင်၂ဦးသိနေကြပြီဖြစ်၍ ထိုရွာ
သို့မသွားတော့ဘဲ နယ်မြို့တစ်မြို့သို့ယာယီ
တိမ်းရှောင်ကြရန် တိုင်ပင်ကာ ဆက်၍ထွက်
လာခဲ့ကြသည်။၂ယောက်သား ပင်ပန်းနွမ်းနယ်နေကြ
သော်လည်း အနားမယူနိုင်ကြပါ။ ဧကရာဇ်က
ကားကို ခပ်မြန်မြန်မောင်းနှင်နေ၏။
ရွှေနန်းစံ ချစ်သူနောက်လိုက်လာခဲ့ရ
သော်လည်း အာဃာတကြီးလှသောဖခင်များ
၏ လက်မှလွတ်မြောက်နိုင်ပါမည်လားဟု
ထိတ်လန့်နေမိသည်။မြို့ပြင်သို့ရောက်၍ အရှိန်တင်ကာ
တစ်မိုင်ခန့်သာ မောင်းရသေး၏။ ကားမှာရုတ်
တရက် ထိုးရပ်သွားပြန်၏။ဝေါ....ဝရော......
ရွှေနန်းစံ ဧကရာဇ်အားကြည့်၍..
"ကိုကို ကားကဘာဖြစ်တာတုန်း...."
ဧကရာဇ်ခေါင်းခါပြလိုက်ရင်း...
"မသိဘူး နန်းစံရဲ့...ကိုကိုလည်းမောင်း
သာ မောင်းတက်တာ ကားအကြောင်းဘာမှနား
မလည်ဘူး..."
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇