သန္ဓေသားပျော်ရည်ဆေး
အပိုင်း(၉)"မိုးည....ငါ့ကို ဆရာကြီးနဲ့ အဝေးဆုံး
တစ်နေရာကို ခေါ်သွားပေးပါ...."ဗျာ.....
ချစ်သူ၏ မထင်မှတ်ထားသော တောင်းဆို
စကားကြောင့် မိုးည အံ့အားသင့်သွားမိသည်။
တဆက်တည်းမှာပင် မိုးညသူ၏ ဆန္ဒနှင့်
ထပ်တူကျနေသော နန်းမြတ်၏စကားကြောင့်
ပြုံးလိုက်မိရင်း"မမ....တကယ်ပြောနေတာလား.....
မမရဲ့ ဆရာကြီးကို မကြောက်တော့ဘူးပေါ့..."နန်းမြတ် ခပ်မှိုင်းမှိုင်းလေးသာပြုံး၍
ခေါင်းခါပြရင်း"ငါဆရာကြီးကို အရာရာထက်ပိုကြောက်
တယ်...."နန်းမြတ်က သူမ၏ပြတ်တောက်နေပြီးငုတ်
တိုလေးဖြစ်နေသော ဘယ်ဘက်လက်သန်းလေး
အပေါ်မှ စွတ်ထားသော ပလက်တီနမ် လက်
သန်းအတုလေးကို ထောင်ပြရင်း"ဒီလက်သန်းလေးက ဆရာကြီးရဲ့ဆန္ဒကို
ဆန့်ကျင်ခဲ့မိလို့ အဖြတ်ခံရပြီး အပြစ်ပေး
ခံခဲ့ရတာ...
ငယ်ငယ်ကပေါ့....အဲ့ဒီ့အချိန်ကတည်းက
ငါ...ဆရာကြီးရဲ့ ဆန္ဒကို နောက်တစ်ကြိမ်
ထပ်ဆန့်ကျင်ဖို့ သတ္တိမရှိခဲ့ဘူး....
ဒါပေမယ့် ဆရာကြီးကသူခိုင်းတဲ့ကိစ္စ
တွေကိုသာ အဆင်ပြေ အောင်မြင်အောင်
လုပ်ပေးခဲ့ရင် လိုလေသေးမရှိ ဆုငွေတွေ
ရက်ရက်ရောရော ပေးလေ့ရှိတယ်...
ငါလည်း ငွေရလွယ်ပြီး အလိုရှိရာ အလွယ်
တကူရတဲ့ ဘဝကို တဖြည်းဖြည်းမက်မော
လာသလိုဖြစ်လာမိခဲ့တယ်.... ဒီဘဝမှာပဲ
အသားကျအောင်နေပြီး ဘဝကိုပျော်ပျော်
နေတော့မယ်လို့ စိတ်ကူးခဲ့မိတယ်...
ဒါပေမယ့်...ငါဒီဘဝကြီးနဲ့ အခုချိန်ထိ
အသားမကျခဲ့ဘူး...ကြာလာလေလေ ငါလုပ်
ရတဲ့အလုပ်တွေကို စိတ်ကုန်လာလေပဲ..."မိုးညက သူမကိုပြုံး၍ကြည့်ရင်း
"မမရဲ့ဆရာကြီးရဲ့ လောင်းရိပ်အောက်
ကနေအဝေးဆုံးကို ထွက်ပြေးဖို့ဆုံးဖြတ်ပြီး
ပြီလား..."နန်းမြတ် ဖြည်းညှင်းစွာ ခေါင်းညိမ့်လိုက်
ရင်း"ဟုတ်တယ်... အန္တရယ်အများဆုံးအလုပ်
တစ်ခုဆိုပေမယ့်... ငါ ဆုံးဖြတ်ပြီးပြီ...ငါ့ဘဝ
ကိုသန့်ရှင်းတဲ့ အသက်မွေးမှုနဲ့ပဲ ရှင်သန်ချင်
တော့တယ်...
ငါ့ရဲ့လက်တွေကို နောက်တစ်ကြိမ် လူသွေး
ထပ်မစွန်းချင်တော့ဘူး...
ဆရာကြီးကိုဆန့်ကျင်ရမှာကြောက်ပေမယ့်
သေခါနီးလူတွေရဲ့ အသနားခံတဲ့အကြည့်တွေ
ကျိန်စာပါတဲ့အကြည့်တွေကို ငါပိုကြောက်လာ
မိတယ်...
ဒါကြောင့် ငါချစ်တဲ့သူနဲ့လက်တွဲပြီး
ဘဝအသစ်လေးတစ်ခု ထူထောင်ဖို့အတွက်
ဆုံးဖြတ်ခဲ့တာ...
ငါတို့ဆရာကြီးလက်ကလွတ်ခဲ့ရင်....ငါ
အသက်ရှင်ခွင့်ရတဲ့ ဘဝလက်ကျန်အချိန်ပိုင်း
လေးကိုငါချစ်တဲ့ကောင်လေးရဲ့ရင်ခွင်ထဲမှာ
မတိုက်ခိုက်တက်တဲ့....လောကီပညာတွေမ
တက် တဲ့သာမာန်မိန်းမတစ်ယောက်ရဲ့ ဘဝနဲ့
ပဲ နေထိုင်သွားတော့မယ်...."
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇