ဇာတ်သိမ်းပိုင်း

58 0 0
                                    

ပန်းခြွေမိစ္ဆာ
                             နှင့်
                သတ္တမမြောက်အပျိုစင်

                 အပိုင်း(၁၆) ဇာတ်သိမ်းပိုင်း
.
.

        ဦးမိုးမှောင် ဓားကိုလက်နှစ်ဖက်ဖြင့် ကျစ်
ကျစ်ပါအောင် ဆုတ်ကိုင်ရင်း ကြိုးကိုခုတ်ဖြတ်
ရန် ဓားကိုင်လက်ကို မြှောက်လိုက်၏။

           "အား!.... မလုပ်ပါနဲ့...."

         ဒေဝီ၏ ကြောက်လန့်တကြားအော်သံ
လေး ထွက်ပေါ်လာပြီးနောက် ဦးမိုးမှောင်ကြိုး
ကို အားကုန်လွှဲခုတ်၍ ဖြတ်ချလိုက်တော့သည်။

         ဝှစ်...ဒုတ်.... "အား!!..."

           ဓားခုတ်သံ၊ ကြိုးပျက်တောက်သံနှင့်
ဒေဝီ၏ ထိတ်လန့်တကြားအော်လိုက်သော အသံကို တပြိုင်နက်ကြားလိုက်ရ၏။

          ရုတ်တရက် မရဏဝါးချွန်တို့အပြည့်ရှိ
နေသော တွင်းထဲသို့အရှိန်ပြင်းစွာပြုတ်ကျ သွား
ပြီဖြစ်၍ ဒေဝီအသည်းအေးကနဲဖြစ်သွားသည်
အထိ ထိတ်လန့်သွားမိပြီး မျက်လုံးစုံမှိတ်လိုက်
မိသည်။

          ဟာ!....နတ်သမီး....

          တွင်းဝမရောက်မှီလေထဲတွင် ဒေဝီ သူမ
၏ခန္ဓာကိုယ်ကိုတစ်စုံတစ်ယောက်က ပွေ့ဖက်
တွန်းထုတ်လိုက်သည်ကိုခံစားလိုက်ရသည်။
        ရွှေမိုးက အရှိန်ဖြင့်ပြေး၍ ဒေဝီ့အားတွင်း
ထဲမကျစေရန် လေထဲမှတွင်းထဲသို့မရောက်မှီ
ပွေ့ဖက်၍ တွန်းထုတ်လိုက်ခြင်းဖြစ်၏။

         ဘုတ်....အား!...ဖရော....ဖော.....အ..

          ရွှေမိုးနှင့်ဒေဝီ မြေပြင်ပေါ်သို့ လုံးထွေး
ကာ လှိမ့်ကျသွားသည်မှာ ၂ယောက်သား တ
လှည့်စီ အပေါ်ရောက်လိုက်အောက်ရောက်
လိုက်ဖြစ်နေသည်။

          အရှိန်ကုန်သွားချိန်တွင် ဒေဝီ၏ခန္ဓာကိုယ်
လေးပေါ်တွင် ရွှေမိုးကဖက်လျှက်အနေအထား
ဖြင့် ရှိနေ၏။ အရှက်သည်းလှသော အပျိုစင်မို့
ဒေဝီ့ မျက်နှာလေးပန်းသွေးရောင်သန်းသွား၏။
ရွှေမိုးလည်းမိန်းကလေးနှင့် အထိအတွေ့ကင်း
သော လူပျိုရိုင်းဖြစ်၍ ရှက်ရွံ့အားနာစွာ အမြန်
မက်တပ်ရပ်လိုက်မိသည်။ ဒေဝီကတော့ နုနယ်
သောမိန်းကလေးဖြစ်၍ နာကျင်ပွန်းရှထားသော
ခန္ဓာကိုယ်ကြောင့် ရုတ်တရက်မထနိုင်သေးသော်
လည်း အသက်သခင်ရွှေမိုးအား လှဲလျှက်မှပင်
ပြုံးပြလိုက်ရင်း....

You've reached the end of published parts.

⏰ Last updated: Apr 15 ⏰

Add this story to your Library to get notified about new parts!

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now