ကယ်တင်ရှင်သေမင်း
အပိုင်း(၉)အနက်ရောင်မိစ္ဆာက ရှိုင်းနေ၏ဝမ်းဗိုက်နေရာ
အား ဓါးဖြင့်ထပ်စိုက်ချလိုက်ပြန်သည်။ဝှစ်...
ဖက်...
ရှိုင်းနေ ဤတစ်ကြိမ်တော့ ထိုသူ၏ဓားကိုင်
လက်ကို လက်ကောက်ဝတ်မှဖမ်းထားလိုက်ပြန်
သည်။ ရင်ဘက်ကိုဓားအစိုက်ခံထားရသဖြင့်
အောင့်သက်နာကျင်နေသော်လည်း အသက်ဘေးဖြစ်သည်မို့ ရှိုင်းနေရှိသမျှအားကိုစုစည်းကာ ရန်သူ၏ဓားကိုင်လက်ကို အားကုန်တွန်းထားမိ
သည်။ကျွန်တော် ရှိုင်းနေရှိရာအရင်ရောက်သွားပြီး
ရှိုင်းနေကိုယ်ကို ဒူးထောက်ဖိထိုင်ထားသော
အနက်ရောင်မိစ္ဆာ၏ ဦးခေါင်းပိုင်းကို လက်သီး
ဖြင့်အားကုန်ဖြတ်ထိုးလိုက်သည်။ဝှစ်...
"ဟင်..."
ကျွန်တော့်လက်သီးချက်မှာ လေကိုသာထိုး
မိသလိုဖြစ်သွားပြီး လက်သီးချက်ထိသည့်ဦး
ခေါင်းပိုင်းမှာ မီးခိုးလုံးကို ယက်တောင်ဖြင့်
ခပ်လိုက်သလို ခဏလွင့်ပြယ်သွားသော်လည်း
၁စက္ကန့်အကြာ၌ပင် ပြန်လည်စုစည်းသွားပြီး
ဦးခေါင်းပုံပြန်ဖြစ်သွားပြန်သည်။ကျွန်တော်ခဏမှင်သက်နေမိစဉ်မှာပင်
ထိုသူကဘယ်လက်ကို ဆန့်တန်းကာလက်ဖဝါး
မှ အနက်ရောင် အခိုးအငွေ့လုံးတစ်ခုကို ကျွန်
တော်ရှိရာပစ်လွှတ်လိုက်၏။ဝှစ်...
ဘုန်း...
"အင့်!..."
ထိုအခိုးအငွေ့လုံးက ကျွန်တော့် အရှိုက်
နေရာကို အရှိန်ဖြင့် ပြေးဆောင့်တော့သည်။
လက်ဝှေ့သမားတစ်ရောက်၏ လက်သီးချက်
ထိသလို ခံစားလိုက်ရပြီး ကျွန်တော်မြေပြင်
ပေါ်သို့ ပက်လက်လဲကျသွားတော့သည်။
အသက်ရှူရခက်နေပြီး ထရန်ခက်ခဲနေသော်
လည်း ကျွန်တော်ကြိုးစား၍ပြန်ထမိသည်။ကျွန်တော့်အနောက်မှပြေးလာသော
မေရန်ငြိမ်းလည်းကျွန်တော့်နည်းတူ ရင်ဘက်
နေရာသို့ အနက်ရောင်အခိုးအငွေ့လုံးဖြင့်အပစ်
ခံလိုက်ရပြန်သည်။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇