အပိုင်း ၂၃

22 1 0
                                    

ရင်ကွဲတစ္ဆေ

                       အပိုင်း(၂၃)

      နှင်းလုံးအိမ် မကြာမီပြတ်တော့မည်ဖြစ်သော
ကြိုးမှ မီးလောင်နေသော ညှော်နံ့နှင့်အတူသေမင်း
၏ကိုယ်သင်းရနံ့ကိုပါ ရလာသဖြင့် သူမလက်ကို
ချည်ထားသောကြိုးကို အသည်းအသန်လွတ်ရန်
ကြိုးစားနေမိသည်။

      ထိုအခိုက်

      "ဟား...ဟား...ဟား..."

       "ဟင်..."

     သူမ၏နံဘေးငြမ်းစင်ပေါ်၌ သူမ၏အနီး၌ပင်သူမ
ကို လက်ပိုက်ကြည့်နေသော ဝင့်နဒီကိုမြင်လိုက်
ရသဖြင့် သူမအားရှိသွားမိသည်။(ဝင့်နဒီရှိနေသော
နေရာမှာ လိုက်ကာဖြင့်ကွယ်နေသဖြင့် ပရိတ်သတ်
ဖက်မှ မမြင်နိုင်ပါ။)

      "နဒီ...လုပ်ပါဦး...ကြိုးကဖြည်မရဘူး...တစ်ခုခု
မှားနေပြီ...ငါပြုတ်ကျရင် အောက်ကသံချွန်တွေ
ကိုဖယ်ဖို့ အဖွဲ့သားတွေကိုပြောပေးပါ...သက်စောင့်
ကြိုးရှိပေမယ့် ပိုစိတ်ချချင်လို့..."

     ဝင့်နဒီမဲ့ပြုံးပြုံးလိုက်ရင်း

     "နင့်လက်ကကြိုးကို ချည်ရိုးချည်စဉ်မဟုတ်ဘဲ
ငါချည်လိုက်တာလေ ဂျပန်ချည်နည်းမဟုတ်ဘူး
မြန်မာချည်နည်းနဲ့ ငါအသေချည်လိုက်တာ..."

     "ဘာ...နင်...ဘာပြောတာလဲ..."

      " ပြီးတော့...နင့်ခါးက သက်စောင့်ကြိုးကလည်း
အရင်းကို ငါဖြတ်ထားတာ ဆံချည်မျှင်သာသာပဲကျန်
တော့တယ်...နင်အခုသေကိုသေမှာပဲ..."

      "ဘာ!...နဒီ...နင်...နင်..."

     နှင်းလုံးအိမ် ကြောက်လန့်တကြားလက်မှကြိုးကို
ဖြုတ်အောင်ရုန်းပြန်သည်။ လက်ကောက်ဝတ်များ
ပွန်းပဲ့ကုန်ပြီး သွေးတို့စိမ့်ထွက်လာ၏။

     ဝင့်နဒီက သူမအားပြုံး၍ကြည့်နေရင်း

     "ငါဘာလို့အခုလိုလုပ်တာလဲလို့မမေးတော့ဘူး
လား...ငါ...ကျောဇောကို လိုချင်လို့...
     စောရီး...နှင်း...အချစ်နဲ့စစ်မှာ မတရားတာမရှိ
ပါဘူး...ငါ...ကျော်ဇောကို နင့်ထက်ပိုပြီး ဂရု
စိုက်မှာပါ..."

     နှင်းလုံးအိမ် ဝင့်နဒီစကားများကို နားထောင်မိ
နေသော်လည်း လက်မှကြိုးကိုဖြည်နေခြင်းလုပ်
ငန်းကို မရပ်တန့်ရဲ အဆက်မပျက်ရုန်းနေမိသည်။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now