အပိုင်း ၄

31 1 0
                                    


ရင်ကွဲတစ္ဆေ

                       အပိုင်း(၄)

            
           အဝေးပြေးလမ်းမကြီးအတိုင်း ကား
တစ်စီး ခပ်မြန်မြန်အရှိန်နှုန်းဖြင့် လေဆန်ကိုတိုး
၍ မောင်းနှင်လျှက်ရှိ၏။ ဇိမ်ခံကားဖြစ်ပြီး နူး
ညံ့သော ထိုင်ခုံများပေါ်၌ ထိုင်၍အေးစိမ့်သော
Aircon ငွေ့ကိုထိတွေ့နေရပါသော်လည်း ပူ
လောင်နေသော ချစ်သူ၂ယောက်၏ရင်ကို မ
အေးမြစေနိုင်ခဲ့ပါ။
           ဧကရာဇ် ရော ရွှေနန်းစံပါ ၂ယောက်စ
လုံးစိုးရိမ်သောက အပြည့်ကို ရင်၌ကိုယ်စီလွယ်
ထားကြရသည်မဟုတ်ပါလား...

           ဧကရာဇ်ကားကို ခပ်မြန်မြန်မောင်းနေ
ရင်း မလှမ်းမကမ်းအနောက်ဘက်မှ အနက်
ရောင်ကား၂ စီး တရှိန်ထိုးလိုက်လာသည်ကို
တွေ့လိုက်ရသဖြင့် စိုးရွံ့ထိတ်လန့်သွားမိသည်။

           "ဟင်..."

            ရွှေနန်းစံလည်း ဧကရာဇ်လက်မောင်း
ကို ဆုတ်လိုက်ရင်း...

           "ကိုကို...ဖေဖေတို့လိုက်လာကြပြီ...
နန်းစံကြောက်တယ်...ကိုကို ဘယ်လိုလုပ်ကြ
မလဲ..."

          ဧကရာဇ်ထိတ်လန့်နေသော ချစ်သူ၏
ပုခုံးကို ဆုတ်ကိုင်လိုက်ရင်း...

            "မကြောက်ပါနဲ့ နန်းစံရယ်...စိတ်အေး
အေးထားပါနော်...နန်းစံဖေဖေက ကိုယ့်အသက်
ကိုတော့ ရန်ရှာမယ်မထင်ပါဘူး...
           ကိုယ်...ကားရပ်ပေးလိုက်ရမလား..."

          ရွှေနန်းစံ ကြောက်ရွံ့လွန်းလှသဖြင့် မျက်
နှာ လှလှလေးမှာဖြူရော်နေ၏။ ဧကရာဇ်၏
အမေးကို အမြန်ဆုံးခေါင်းခါငြင်းဆန်ရင်း...

         "ဟင့်အင်း...ဟင့်အင်း....မရပ်နဲ့...မရပ်
ပါနဲ့.....နန်းစံလန့်လို့သေတော့မယ်...မြန်မြန်
မောင်းပါ..."

             ဝေါ....ဝရူး......

           လေခွန်းသည့်မြားနှယ် အမြန်ဆုံးပြေး
နေသော ဧကရာဇ်တို့၏အဖြူရောင်ကားက
လေးကို အနောက်ဖက်မှထပ်ချပ်မကွာ လိုက်ပါ
လာသော အနက်ရောင်ကား၂စီးကလည်းယုန်
ငယ်ကို လိုက်သည့်ဝံပုလွေများနှယ်သည်းသည်း
မဲမဲရှိလှ၏။

           ၅မိနစ်ခန့်လောက် အကြာတွင် ကားအ
နက်ရောင် ၂စီးထဲမှ ရှေ့အစီးမှာ ဧကရာဇ်တို့
ကားကိုကျော်တက်သွားပြီး ဧကရာဇ်တို့ကားဖြူ
လေး၏အရှေ့မှ ကန့်လန့်ဖြတ်ကာ ကာပိတ်ရပ်
လိုက်တော့၏။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now