အသက်ခြွေကုတင်
အပိုင်း(၅)"အဲ့ဒါပါပဲဗျာ...စံညိုဆိုတဲ့ လူကြီးရဲ့မိန်းမ
က စံညိုဟာ ပန်းညိုးတဲ့ ရောဂါဖြစ်နေလေတော့
ရာဂတဏှာကြီးတဲ့ မိန်းမဆိုတော့ သူ့အတွက်
တဏှာဆန္ဒကို ပိုဖြည့်စည်းနိုင်တဲ့ လူနဲ့ဖောက်
ပြန်ပြီး ယောင်္ကျားဖြစ်သူကို ဆေးခတ်သတ်
ဖို့ကြိုးစားခဲ့တာပေါ့...
ဒါပေမယ့်...တစ်နေ့ စံညိုက အဲ့လိုသိသွား
တော့ သူ့မိန်းမရော သူ့သူငယ်ချင်းဇော်မှိုင်း
ကိုပါသတ်လိုက်တယ်...ဇော်မှိုင်းကလည်း မသေ
ခင် ပုလင်းကွဲနဲ့ စံညို့ကိုပြန်ထိုးခဲ့တော့ စံညို
လည်း အဲ့ညမှာပဲ သေတာပါပဲ....""စံညိုဆိုတဲ့ လူကြီးက သေသွားပြီးတဲ့နောက်
သူ့ဝိညာဥ်က အဲ့ဒီ့ကုတင်ကြီးမှာစွဲကပ်နေခဲ့တာ
အခုချိန်အထိပါပဲ...
အဲ့ဒီ့အဖြစ်အပျက်တွေဖြစ်ခဲ့တာ နှစ်ပေါင်း
ရှစ်ဆယ်လောက်ကို ရှိခဲ့ပြီဗျ...
ဒါပေမယ့် စံညိုဆိုတဲ့လူကြီးကတော့
အခုချိန်အထိ မကျွတ်မလွတ်သေးဘဲ ကုတင်
ကြီးမှာ ရှိနေတုန်းပါပဲ... အဲ့ဒီ့စံညိုဆိုတဲ့ လူကြီး
က အစက အောက်လမ်းပညာသင်ယူခဲ့ဖူးတဲ့ အောက်လမ်းပညာ တက်တဲ့သူတစ်ယောက်
ပေါ့...
ဒါပေမယ့် သူအိမ်ထောင်ကျပြီးတဲ့
နောက်ပိုင်း ဒီပညာတွေကို မကောင်းမှန်းသိ
တော့ စွန့်လွှတ်ခဲ့ပြီး အေးအေးဆေးဆေးပဲ
နေခဲ့တာတဲ့...
သူသေခါနီး နောက်ဆုံးအချိန်မှာတော့
သူတက်ထားတဲ့ ပညာနဲ့ ကုတင်ထဲကို သူ့ဝိညာဥ်
ကို သူ့ဘာသာ စီရင်ပြီး ပြန်ထည့်သွားခဲ့တာ
ဖြစ်လိမ့်မယ်...""ဒီကုတင်ကထူးခြားတယ်...သာမာန်လူတွေ...
မောင်နှမတွေ၊ မိတ်ဆွေတွေအတူအိပ်ရင်
ဘာမှမဖြစ်ဘူး....
အဲ... လင်မယားတွေနဲ့ ချစ်သူစုံတွဲတွေအိပ်
ရင်တော့ ပြသနာတက်တာပဲ... အဲ့ဒီ့ကုတင်မှာ
အတူအိပ်မိတဲ့ စုံတွဲ...ဒါမှမဟုတ် လင်မယား
နှစ်ယောက်မှာ ယောင်္ကျားနဲ့ မိန်းမ တစ်ယောက်
မဟုတ်တစ်ယောက် သေတာပဲ..."လင်းယံက ရှည်လျှားစွာပြောပြပြီးနောက်
မောသွားဟန်ဖြင့် ရှေ့တွင်အသင့်ရှိနေသော
ရေခွက်ကို မော့သောက်လိုက်၏။ဦးသီဟက လင်းယံပြောသမျှကို
တစ်ချိန်လုံး နားထောင်နေပြီးမှ မေးလိုက်၏။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇