မိစ္ဆာ ချစ်သူ
အပိုင်း(၁)ကမ္ဘာအနှံ့အပြား၌ တိရိစ္ဆာန်မှလူအဖြစ်သို့
ပြောင်းလဲဖန်ဆင်းနိုင်သောမိစ္ဆာသတ္တဝါများရှိ
သည်ဟူသော အယူအဆသည်ယနေ့တိုင်ရှိနေ ကြဆဲပါ။
ဥရောပတိုက်၌ ယုံကြည်မှုများပြီးရေပန်း စားသော (werewolf)သမန်း ဝံပုလွေများက တော့ အနောက်တိုင်းရုပ်ရှင်များကြောင့်လူသိ များနေခဲ့ပြီဖြစ်သည်။၁၅၂၀မှ ၁၆၃၀ ဝန်းကျင် အထိ နှစ်ပေါင်း၁၀၀ကျော်အတွင်း ပြင်သစ်နိုင်ငံ တစ်ခုထဲ၌ပင် သမန်းဝံပုလွေနှင့် ပတ်သတ်သည့် အမှုပေါင်း ဖြစ်ရပ်ပေါင်း ၃၀၀၀၀ကျော်ရှိသည် ဟု မှတ်တမ်းရှိခဲ့သည်။အချို့ကလည်း သမန်းဝံပုလွေဆိုသည်မှာ
"လိုင်ကန်သရပီ"ဟုခေါ်သောစိတ်ရောဂါရှိသော
သူများသာဖြစ်သည်ဟု ဆိုကြပြန်၏။၎င်းတို့
သည် မိမိကိုယ်မိမိ အမှန်တကယ်ပင် ဝံပုလွေအ
သွင်ပြောင်းသွားပြီဟု စိတ်တွင်စွဲထင်စေပြီး
ဝံပုလွေစိတ်ဖြင့် လက်စားချေခြင်း အမဲလိုက်
ခြင်းများကို ပြုလုပ်သည်ဟုဆိုသည်။ စင်စစ်
၎င်းတို့မှာ လူကိုယ်နှင့် ဝံပုလွေစိတ်သာဖြစ်၏။ကိုးရီးယားလူမျိုးတို့ယုံကြည်ကြသော အ
မြီးကိုးခြောင်းရှိသော နှစ်၁၀၀၀ မြေခွေးမိစ္ဆာ
မှာ လည်းယခုအခါကမ္ဘာကျော်သတ္တဝါဖြစ်နေ
ချေ၏။စာရေးသူကိုယ်တိုင်ပင် လူယောင်ဖန်
ဆင်းနိုင်သော မြေခွေးမိစ္ဆာနှင့်လူသားမိန်းက လေးတို့ချစ်ကြိုက်သော ကိုးရီးယားရုပ်ရှင်ကား တစ်ကားကို စွဲလမ်းခဲ့ဖူး၏။
ကျွန်တော်တို့မြန်မာအယူအဆအရ ၎င်း
လူအသွင်ဖန်ဆင်းနိုင်သောမြေခွေးလူသားသည်
ကမ္မဇိတ္ထိတန်ခိုးရှိသော နတ်မိစ္ဆာတစ်မျိုးသာ
ဖြစ်နိုင်ပါသည်။တရုတ်ဒဏ္ဍာရီများတွင်လည်း တိရိစ္ဆာန်မိစ္ဆာ
များသည် နှစ်ပေါင်းရာထောင်ချီတရားကျင့်ကြံ
လျှင် ကမ္မဇိတ္ထိတန်ခိုးမြင့်မားလာကာ လူအသွင် ဖန်ဆင်းလာနိုင်ကြသည်ဟူ၍ဖော်ပြထား၏။
အာရှနိုင်ငံများ၌ သမန်းကျား၊သမန်းကျား
သစ်၊သမန်းမိကျောင်း များစသဖြင့်ဒဏ္ဍာရီလာ
သတ္တဝါ ပုံပြင်များကားယနေ့တိုင်ပုံစံအမျိုးမျိုး
မူကွဲအမျိုးမျိုးကြားနေရဆဲပါ။
ကျွန်တော်တို့မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့
တွင်ထင်ရှားသောသမန်းသတ္တဝါမှာ သမန်းကျား
ဖြစ်သည်။၎င်းတို့သည် လပြည့်လကွယ်ညများ
၌ လူအဖြစ်မှ ကျားအသွင်ပြောင်းကာအမဲလိုက်
လေ့ရှိကြသည်ဟုဆိုသည်။အသေးစိတ်ကိုတော့
စာရှည်မည်ဆိုး၍ မဖော်ပြတော့ပြီ..
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇