အပိုင်း ၂

27 1 0
                                    


ရင်ကွဲတစ္ဆေ

                       အပိုင်း(၂)

            နိုက်ကလပ်တစ်ခုအတွင်း၌ဖြစ်သည်။
DJ ၏လက်စွမ်းပြတီးလုံးများက အတော်ပင်
ကျယ်လောင်မြူးကြွ၍နေ၏။
            ရောင်စုံ မီးရောင်များကြားတွင်ပျော်ရွှင်
စွာကခုန်နေကြသည့် လူငယ်များအကြား၌ ညို့
ငင်အားပြင်းလှသော အလှနှင့် ပုရိသအပေါင်း
၏အာရုံကိုဖမ်းစားထားနိုင်သောမိန်းမချောတစ်ဦးက အချိုးအဆစ်ကျလှသော ခန္ဓာကို လှုပ်ခါ
၍ တိုင်ပတ်အကခေါ် sexy ဆန်သော အက
တစ်မျိုးကို ကလျှက်ရှိသည်။
      အပူရောင်အလှကို ဝင့်ကြွားစွာထုတ်ဖော်
လျှက် တီးလုံးစည်းချက်အလိုက် စတိုင်ကျစွာ ကနေချေ၏။ အင်္ကျီအနီလက်ပြတ် ၊ လယ်သာ
ဘောင်းဘီအကြပ် အနက်ရောင်ကိုဝတ်ဆင်
ထား၏။

        သူမနှင့်မလှမ်းမကမ်းခုံတွင် ထိုင်နေကြ
သော သူနှစ်ယောက်က သူမကိုကြည့်ပြီး လှောင်
ပြုံးပြုံးနေကြ၏။
       တစ်ယောက်မှာ ခန္ဓာကိုယ်ထွားကြိုင်းပြီး
မျက်နှာတွင် မုတ်ဆိတ်ကျင်စွယ်များနှင့် ကြည့်
ယုံနှင့် လူမိုက်ရုပ်ပေါက်နေသောရုပ်ဖြစ်သည်။
ကျန်တစ်ယောက်မှာ အရပ်၅ပေ ကျော်ရုံသာ
ရှိပြီး one way ဆံပင်ကေနှင့် နားကွင်းများ
ဆွဲကာ လက်မောင်း၂ဘက်တွင် တက်တူးများ
အပြည့်နေရာယူထား၏။

         ခန္ဓာကိုယ်ထွားကြိုင်းသူက စတီးတိုင်ကို
ဖက်၍ကနေသော မိန်းမချောကိုကြည့်၍

          "ကြာနက်...ကြာနက်...အခုကျတော့
လည်း ချစ်စရာ၊စွဲလန်းစရာပုံစံလေးပါလားနော်
ငါတောင် ပြေးဖက်ချင်စိတ်ပေါက်တယ်..."

         ခန္ဓာကိုယ် သေးညှပ်သူက လူထွားကြီးကို
မျက်နှာမဲ့၍ စောင်းကြည့်လိုက်ရင်း...

    "တိုးတိုးပြောစမ်းပါ မိုးကြိုးရာ...ကြားသွား
လို့ ပါးပိတ်ရိုက်ခံနေရပါဦးမယ်..."

         မိုးကြိုးဟုခေါ်သော လူထွားကြီးက သေး
ညှပ်သော သူ့သူငယ်ချင်းကို စောင်းလှည့်ကြည့်
ရင်း...

         "မင်းရော... ကြာနက်ကို စိတ်ထဲက မပြစ်
မှားဖူးဘူးလား မုန်တိုင်း...မညာနဲ့ မှန်မှန်ပြော..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now