အခန်း ၁၇ ဇာတ်သိမ်းပိုင်း

129 10 0
                                    


နှလုံးသွေးနဲ့ ရေးတဲ့ကျိန်စာ
အပိုင်း(၁၇) ဇာတ်သိမ်းပိုင်း

            ကျွန်တော် အံ့ဩပျော်ရွှင်သွားမိသည်။
သို့သော်လည်း တဆက်တည်းမှာပင် ပန်းနုကိုစိုး
ရိမ်သွားမိပြန်သည်။ သူမအဘယ့်ကြောင့် အမှောင်
ကမ္ဘာသို့ ပြန်ရောက်လာပါသလဲ

           "ပန်းနု!....."

           ကျွန်တော် သူမအားလှမ်းခေါ်လိုက်
သော်လည်း ပန်းနုမကြားပါ။ ကျွန်တော့်အသံ
သည် သူမ ကြားနိုင်လောက်အောင် ကျယ်
လောင်ခြင်းမရှိ၍ဖြစ်၏။
           
         မိနစ်အတန်ငယ်ထပ်ကြာသွား၏။ ကျွန်တော်
အားမလိုအားမရဖြစ်ကာ ပန်းနုကိုခေါ်နေမိသော်
လည်း သူမ မကြားပါ။ သူမကိုင်ထားသော ပြာလဲ့လဲ့
မီးအိမ်ကလေးမှာ အနည်းငယ်အရောင် မှိန်လာပြီ
ဖြစ်ပြီး သူမထံမှရှိုက်သံသဲ့သဲ့ကို ကျွန်တော်ကြား
လိုကျရ၏။
         ပြာလဲ့လဲ့အလင်းရောင်လေးဖြင့်မြင်လိုက်
ရသော ပန်းနု၏မျက်နှာလှလှလေးမှာ မျက်ရည်စတို့
့ဖြင့် အကျည်းတန်လျှက်ရှိ၏။
             သူမ ကျွန်တော့်ကို နီးကပ်နေပါလျှက်
မမြင်ရသည့်အကြောင်းအရင်းမှာ ခွေးနက်ကြီး
၏ပိုင်ရှင် မိစ္ဆာအမျိုးသမီး၏စည်းချထားမှု
ကြောင့်ဖြစ်နိုင်သည်ကို ကျွန်တော်တွေးမိလိုက်
သည်။

           ပန်းနု ငိုပြီး ကျွန်တော့်အားကျောခိုင်း
သွားစဉ်မှာပင် ကျွန်တော်ရှိသမျှအင်အားကို စု
စည်းကာ စည်းအပြင်သို့ အမြန်ထွက်လိုက်ရင်း
ပန်းနုကို လှမ်းခေါ်လိုက်တော့၏။

           "ပန်းနု!....."

          သူမ ကျွန်တော့်ကို ဆက်ကနဲလှည့်ကြည့်
လာပြီး ကျွန်တော့်ကိုတွေ့သည်နှင့် ပျော်ရွှင်
သွားရှာပြီး ငိုမဲ့မဲ့လေးပြုံးလိုက်သောသူမ၏
မျက်နှာလေးကို ကျွန်တော်အမြဲအမှတ်ရနေ
ပေလိမ့်မည်။

           " မောင်!....."

         ပန်းနု ပြေးလာပြီးကျွန်တော့်ကိုဖက်ထား
၏။ သူမ၏ကိုယ်သည်ကျွန်တော့် ခန္ဓာကိုယ်
ထက်ပို၍နွေးထွေးနေသေး၏။

           "ဟင်...မောင် တစ်ကိုယ်လုံးအေးစက်
နေပါလား..."

          " ပန်းနု...ဘယ်လိုလုပ်ပြန်ရောက်လာတာ
လဲ..."
           "ဒီနေရာက ပန်းနုလာသင့်တဲ့နေရာမဟုတ်
ဘူးလေ..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now