အပိုင်း ၃

24 1 0
                                    

ရင်ကွဲတစ္ဆေ
                         
                       အပိုင်း(၃)

           ဘုရားခန်းအတွင်းမှ အဓိဌာန်ပုတီးစိတ်
ခြင်းပြီးဆုံးသည်နှင့်ဒေဝီ ဧည့်ခန်းဘက်သို့ထွက်
လာခဲ့သည်။သူမ၏စိတ်တို့ငြိမ်းချမ်းနေပြီးပကတိကြည်လင်နေ၏။
         ဖခင်ဖြစ်သူဦးသီဟက ဧည့်ခန်းဆိုဖာတွင်
သူမအားအပြုံးဖြင့်ကြိုဆိုနေ၏။

            ဒေဝီ ဦးသီဟအားပြန်၍ပြုံးပြရင်း...

          "ဖေဖေ ဒီနေ့ဘယ်မှမသွားဘူးလား..."

           "သမီးဒေဝီကို...ဖေဖေ အကူအညီ
တောင်းစရာတစ်ခုရှိလို့ပါ... သမီး ပဲခူးကိုမပြန်
ဖြစ်သေးဘူးမို့လား..."

            "နောက်လ လောက်မှပြန်မယ်လေ
ဖေဖေချက်ကျွေးတဲ့ ဟင်းတွေစားချင်သေးလို့.."

          "ဟား...ဟား...ဟား...ကောင်းပါပြီဗျာ.."

          "ဖေဖေ အကူအညီတောင်းမယ်ဆိုတဲ့
ကိစ္စပြောပါဦး..."

          "အင်း...ဂမ္ဘီရ ပစ္စည်းလေးတစ်ခုကို
ဖေဖေ့မိတ်ဆွေ တစ်ယောက်ဆီကို ပို့ပေးစေချင်
လို့ပါ..."

          "ဘာပစ္စည်းလဲ ဖေဖေ..."

          "အရုပ်ကလေးတစ်ရုပ်ပါ..."

          "ဖေဖေကလည်း...ပစ္စည်းပို့တာပဲ...
ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတွေနဲ့
ဆက်သွယ်ပြီးပို့လိုက်ရင် ရတာပဲကို..."

         "အဲ့လိုလုပ်လိုက်ရင် ဒီပစ္စည်းကို မလေး
မစားလုပ်သလို ဖြစ်သွားလိမ့်မယ်သမီး အစောင့်
ရှိတဲ့ ဂမ္ဘီရနယ်ပယ်က ပစ္စည်းတွေကသာမာန်ပ
စ္စည်းတွေနဲ့မတူဘူး...လေးလေးစားစားပြုမူဖို့
လိုအပ်တယ်...
          ပြီးတော့ဒီပစ္စည်းလေးက ဖေဖေ သမီးလူ့
လောကထဲရောက်မလာခင်ကတည်းက ဂရုတ
စိုက် ထိန်းသိန်းထားခဲ့ရတဲ့ပစ္စည်းလေးဖြစ်နေ
တယ်သမီး...
      ဖေဖေ့မိတ်ဆွေဆီကို ဖေဖေ့သမီးကိုယ်တိုင်
သွားပို့မှ သင့်တော်မှာမို့လို့ပါ...ပစ္စည်းပို့ဆောင်
ရေး ဝန်ဆောင်မှုတွေကနေပို့ရင်ဖေဖေ့ မိတ်ဆွေ
ကိုလည်း မလေးစားသလိုဖြစ်လိမ့်မယ်..."

         ဒေဝီ ထိုမမြင်ရသေးသောအရုပ်လေးကို
စိတ်ဝင်စားလာမိသည်။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now