အပိုင်း ၃၆

23 1 0
                                    

ရင်ကွဲတစ္ဆေ

                        အပိုင်း (၃၆)

      ရှိုင်းနေနှင့် မေရန်ငြိမ်းတို့၏နောက်ဆုံးအခွင့်
အရေးရသော ရက်ဖြစ်သည်မို့ ကျိန်စာအတွက်လို
အပ်နေသော ဝိညာဉ်တစ်ခုကို အပူတပြင်းပင်ရှာနေ
မိသည်။
    သင်္ဂြုလ်စက်၊ဆေးရုံ၊ရင်ခွဲရုံပါမကျန် ရှာခဲ့ကြသည်။
ကျိန်စာတနိခိုးကြောင့် ဝိညာဉ်အချို့ကိုတွေ့ခဲ့ရ
သော်လည်း ရင်ကွဲပက်လက်ဝေဒနာဖြင့်သေဆုံး
ခဲ့ရသော ရင်ကွဲဝိညာဉ်တစ်ခုအား ရှာမတွေ့နိုင်
သေးပါ။

     ဆေးရုံတစ်ခုမှ ရှိုင်းနေနှင့် မေရန်ငြိမ်းတို့အတူ
ပြန်ထွက်ခဲ့ကြပြန်သည်။
    မွန်းကြပ်လာသော စိတ်အစဉ်ကြောင့် လူသူရှင်း
သည့်နေရာတစ်ခုမှ ခုံတန်းလျားလေးတစ်ခုကို
တွေ့ရသည်နှင့် ရှိုင်းနေထိုနေရာ၌ ကားကိုခဏရပ်
လိုက်ပြီး

     "ငြိမ်း ကားပေါ်က ခဏဆင်းကြရအောင်နော်
ဒီနေရာလေးက အရမ်းငြိမ်းချမ်းတယ်...
     ငါတို့ခဏလောက်နားရအောင်..."

     မေရန်ငြိမ်း ခေါင်းညိမ့်ပြရင်း ရှိုင်းနေနှင့်အတူ
ကားပေါ်မှ ဆင်းလိုက်ကြကာ ခုံတန်းလေးတွင်
၂ယောက်အတူ ထိုင်လိုက်ကြသည်။

       သောကဖိစီး၍ ငိုမဲ့မဲ့ဖြစ်နေသောမေရန်ငြိမ်း
၏ မျက်နှာလေးကို ရှိုင်းနေဂရုဏာသက်စွာကြည့်နေ
မိသည်။ သူသေရမည့်အရေးထက်ချစ်သူကို မည့်
တစ်ပေါက်ပင် မစွန်းစေလိုသောမေတ္တာကြောင့်
ရှိုင်းနေလည်း ဝမ်းနည်းနေမိသည်။
     ရှိုင်းနေ မေရန်ငြိမ်း၏အေးစက်နေသောလက်က
လေးကို ဆုတ်ကိုင်ရင်း

      "ငြိမ်းရယ်...ငါတို့အတက်နိုင်ဆုံးကြိုးစားကြတာ
ပေါ့နော်...တကယ်လို့ မအောင်မြင်ခဲ့ရင်လည်း
ငါတို့အတူတူ သေခြင်းတရားကိုရင်ဆိုင်ကြမယ်...
     ဘယ်လိုအခြေအနေပဲရောက်ရောက် ငါနင့်ကို
အတက်နိုင်ဆုံးကာကွယ်ပေးမယ်...အားမငယ်
ပါနဲ့နော်...ငါအသက်ရှင်နေသေးသ၍ နင်ဘာမှ
မဖြစ်စေရဘူးသိလား..."

     အမြဲပျော်ပျော်သာ နေတက်သော ရှိုင်းနေ၏
သိမ့်မွေ့လှသော အချစ်စကားကြောင့် မေရန်ငြိမ်း
၏ ဝဲနေသော မျက်ရည်တို့ အနည်းငယ်စီးကျလာ
၏။ သူမ၏ရင်၌ ဝမ်းနည်းမှုနှင့်ကြည်နူးမှုက တပြိုင်
နက် ပြင်းပြစွာ ထိုးနှက်လာသည်မဟုတ်ပါလား...
ရှိုင်းနေ၏ လက်ကိုမေရန်ငြိမ်း အားကိုးတကြီး
ပြန်ဆုတ်ကိုင်ရင်း

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now