အပိုင်း ၂၆

23 1 0
                                    

ရင်ကွဲတစ္ဆေ
      
                        အပိုင်း(၂၆)

       ထိုအခိုက် အတွင်းမှအသံများကြားသဖြင့်
ဦးစံညို၏တပည့်ဖိုးထူးဝင်လာတော့သည်။ဦးစံ
ညိုက သူ့တပည့်ကိုလှမ်းပြောလိုက်သည်။

     "ဖိုးထူး...ဒီအရှုပ်ထုတ်တွေကိုသတ်စမ်း..."

     ဖိုးထူးက နံရံထောင့်တွင်အသင့်ရှိနေသော
တုတ်ချောင်းကိုပြေးယူကာ ကျွန်တော့်ကို လွှဲ
ရိုက်လိုက်၏။

     ဝှစ်...

     ကျွန်တော်လွတ်ရုံသာရှောင်လိုက်ပြီး
သူ၏မျက်နှာကို ပင့်ထိုးလိုက်သည်။

     ခွပ်...

     "အ!..."

     ဖိုးထူးမွှန်သွားပြီး ကျွန်တော့်ကိုထပ်ရိုက်ပြန်
သည်။ ကျွန်တော်တုတ်ကို စီးဖမ်းလိုက်ပြီးသူ၏
အရှိုက်နေရာကို လက်သီးစာကျွေးလိုက်ပြန်၏။

     ဝှစ်...

     ဖက်

     ဘုန်း...

     "အွတ်...အား..."

     ဖိုးထူးနာကျင်မှုကြောင့် ခါးညွတ်သွားစဉ်သူ၏
မျက်နှာကို ပင့်ထိုးပစ်လိုက်၏။

     ဝှစ်...

     ခွပ်...

     "အ!!..."

     ဖိုးထိုး နာကျင်စွာညီးတွားနေရင်း လဲကျနေရာ
မှ ပြန်မထနိုင်တော့ပါ။

     ဒေဝီလည်း ကျွန်တော်နှင့်ဖိုးထူးထံခဏစိတ်
ရောက်နေပြီး ဦးစံညိုကို ခဏမျက်နှာလွှဲလိုက်
မိသည်။

     ဦးစံညိုက ဓားမြောင်တစ်ချောင်းကို အံဆွဲထဲမှ
ထုတ်ယူလိုက်ပြီး ဒေဝီ့ကိုအမြန်ပြေးချုပ်ကာ
ဒေဝီ့ လည်တိုင်ကို ဓားဦးဖြင့် ထောက်လိုက်၏။

     "အ!!..."

     "မလှုပ်နဲ့...သေသွားမယ်...မင်းလည်း မင်းအဖေ
လိုပဲ နေရာတကာဝင်ပါပြီး လူပါးဝတတ်တဲ့ဝါသနာ
ပါတာကိုး...
     ဉာဏ်လည်းမများနဲ့ မင်းရဲ့သမာဓိနဲ့ လောကီ
အစွမ်းတွေက မင်းရဲ့လည်ချောင်းနုနုလေးကိုဓား
မဝင်အောင်တော့ လုပ်မပေးနိုင်ပါဘူး..."

     ဦးစံညို ကျွန်တော့်ကိုကြည့်လိုက်ရင်း

    " ဟေ့ကောင် ဒီကောင်မ မသေစေချင်ဘူးဆိုရင်
ငြိမ်ငြိမ်လေးနေလိုက်..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now