အမှောင်ကမ္ဘာရဲ့ အလင်းရှင်
အပိုင်း(၂)
ဝေါ....
ကျွီ!!....
"ဟာ!... သေတော့မှာပဲကွာ..."
မိုးသက်ထန် ကားဘရိတ်ကိုအမြန်နင်းချ
လိုက်ပြီးမှ စိတ်ဆိုးမာန်ဆိုးနှင့် ကားပေါ်မှ
ဆင်းလိုက်ကာ ကားတံခါးကိုဆောင့်၍
ပိတ်လိုက်ရင်းဒုန်း!!...
"ဒီမှာ... ကားတိုက်ရင် သေတက်တာ
မသိဘူးလား... ခင်ဗျားသေတာအကြောင်း
မဟုတ်ဘူး... ကျုပ်နေရင်းထိုင်ရင်း ပြသနာ
တက်နေမယ် နားလည်လား..."လမ်းပေါ်တွင် ခွေခွေလေးလဲကျနေသော
အသက်၆၀ ဝန်းကျင်အရွယ်လူကြီးက
ဖြည်းညှင်းစွာ နှင့်ပြန်ထလိုက်ရင်း"တောင်းပန်ပါတယ်ကွယ်... အဘက
လမ်းသိပ်မကူးတက်လို့ပါ... ရန်ကုန်က
လည်းသိပ်မရောက်ဖူးလို့ပါ..."မိုးသက်ထန် ကားနှင့်မတိုက်မိခဲ့သော်လည်း
ထိုလူကြီးကက လန့်၍လဲကျသွားခဲ့ခြင်းဖြစ်၏။
မိုးသက်ထန်အချိန်မှီဘရိတ်အုပ်နိုင်ခဲ့သော်
လည်း နာကျင်နေသောထိုလူကြီးကို တွဲကူ
ဖေးမရမည့်အစားမကျေမနပ် အပြစ်တင်စကား
တို့သာပြော၍နေ၏။" လမ်းတောင် မကူးတက်ရင်လည်း ရန်ကုန်
မလာနဲ့လေဗျာ... တသက်လုံးတောထဲမှာပဲ
နေလိုက်... တော်တော်ရှုပ်တဲ့လူတွေ ခင်ဗျား
တို့အသက်က ဘာမှတန်ဖိုးမရှိဘူး... ခင်ဗျား
ကိုတိုက်မိလို့ ကျုပ်ထောင်ကျရင်သာ ကျုပ်
ဘဝက နှမျောဖို့ကောင်းတာ နားလည်လား..."ထိုလူကြီးက နာကျင်သွားသော သူ့ညာဘက်
ခြေထောက်ကြောင့် ကောင်းစွာမရပ်နိုင်
သေးသော်လည်း မိုးသက်ထန်ကို တောင်းပန်
ရှာ၏။"အေး... အေးပါကွယ်... အဘလည်း
အမှားကို တောင်းပန်နေတာပါ... လူလေး
ကျေနပ်ပါတော့နော်..."လူအချို့က မိုးသက်ထန်နှင့် ထိုလူကြီး
ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသော်
လည်း ပါဝင်ဖြန်ဖြေပြောဆိုမည့်သူတော့
ရှိမလာခဲ့ပါ။🕖🕢
စင်တာတစ်ခုမှ စျေးဝယ်ပြန်လာသော
ဒေဝီ အမြင်မတော်သော မြင်ကွင်းဖြစ်နေ
သည်မို့ မတရားသလိုဖြစ်နေသော ကိစ္စကို
ဝင်ပါမိပြန်သည်။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇