အပိုင်း ၁၆

25 1 0
                                    


ရင်ကွဲတစ္ဆေ

အပိုင်း (၁၆)

       တိုသွားပြီဖြစ်သော စီးကရက်ကိုခုံစောင်းဖြင့်
ထိုးချေလိုက်ရင်း...နှုတ်ခမ်းလှလှလေးအတွင်းမှ
မီးခိုးဖြူဖြူများကိုကြာနက် မှုတ်ထုတ်လိုက်သည်။

       မိုးကြိုးက သူမကိုပြုံး၍ကြည့်နေရင်း...

       "ကြာနက်...နင့်ကိုငါ လက်ဆောင်ပေးမလို့..."

       သူမ ဆံပင်ကိုသပ်တင်လိုက်ပြီး မျက်လုံးမှေးမှေး
လေးနှင့် ပြန်ကြည့်ရင်း...

        "ဘာလဲ...ငါဘာမှမလိုချင်ဘူး...ပေးချင်ရင်
အဖြူပေး ငါယင်းထနေပြီ..."

      "အာ....အရေးထဲ ဘိန်းစားဖို့ပဲတွေးနေတာပဲ...
ခွေးစုတ်မ..."

       "ဟဲ့ကောင် သောက်စကားမရှည်နဲ့ ပေးမှာလား
မပေးဘူးလား..."

      " ပေးမှာ ငါအဖြူထပ်ရှာထားပါတယ်...ဒါပေမယ့်
ငါပေးချင်တဲ့ လက်ဆောင်ကသပ်သပ် ဒီမှာကြည့်"

        မိုးကြိုးက သူ၏ဖုန်းကိုဖွင့်လိုက်ရင်း ဖုန်းထဲမှ
ရိုက်ထားသော ပုံအချို့ကိုပြလိုက်သည်။ဖုန်းထဲ
တွင် သွေးရဲသံရဲနှင့် အတုံးအရုန်းသေဆုံးနေပြီ
ဖြစ်သော အလောင်းတချို့ကိုတွေ့လိုက်ရ၏။

        ကြာနက် ဖုန်းကိုယူလိုက်ပြီး screen ကိုသေချာ
ထပ် ကြည့်လိုက်ရင်း...

       "ဟင်...ဟိုကောင်တွေ...နင်...နင်လုပ်လိုက်
တာလား..."

       "ဒါပေါ့ဟ...နင့်ကို ဒီကောင်တွေအရင်လုပ်ထား
တာလေ နင့်ကိုဒဏ်ရာရစေတဲ့ကောင်တွေ ငါ
ရှင်းပလိုက်ပြီ...နင်ကျေနပ်တယ်မို့လား..."

         ကြာနက် အနည်းငယ်သာပြုံး၏။

       " နင်တော်တယ်....အရမ်းတော်တယ်....
ငါ့အတွက်လက်စားချေပေးတာ ကျေးဇူးတင်တယ်..."

      မုန်တိုင်း နံဘေးတွင်ထိုင်နေရာမှ လန့်သွားဟန်ဖြင့်
ထပြော၏။

     " ဟေ့ကောင်မိုးကြိုး...မင်း ဟိုကောင်တွေကို သတ်
လိုက်တာလား...ဟာ...ပြသနာပဲကွာ...ငါတို့ကို
ကြွက်တွေက အနံ့ခံနေတာကွ...အခုလိုအချိန်မျိုး
မှာ သူတို့သတိထားမိစေမယ့် ကိစ္စမျိုးမလုပ်သင့်
ဘူးကြ..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now