အပိုင်း ၁၈

20 1 0
                                    

ရင်ကွဲတစ္ဆေ

                       အပိုင်း (၁၈)

       ဒိုင်း!...ဒိုင်း!...ဒိုင်း!...

       လူထွားကြီးက ကျွန်တော့်ကိုဆက်တိုက်ပစ်
လိုက်သည်။

      " ဇာမဏီ!..."

       ဝှစ်....

       ဘုန်း...

       ကြာနက်က ကျွန်တော့်ကို ကျောပေးကာ၍
ကွန်ဂရစ်ကြမ်းခင်းပေါ်သို့ အမြဲလှဲချလိုက်သည်။

       ဒိုင်း...

        "အ!"

       ကြာနက်က လဲကျနေရာမှ ထိုသူ၍ရင်ဘက်
ကို တစ်ချက်ပြန်ပစ်လိုက်သည်။

      လူထွားကြီးက ရင်ဘက်ကျည်မှန်သွားသော
ကြောင့် သွေးရူးသွေးတန်း သေနတ်ပြောင်းကို
မချိန်တော့ဘဲ ခလုတ်ကိုနှိပ်ချမိရာ

       ဒိုင်း!...

       ဝုန်း!...ဒုန်း!...

      ဓာတ်ဆီပုံးကို ပစ်မိသွားပြီး မီးတောက်များက
နေရာအနှံ့သို့ ရုတ်တရက်ဝါးမြိုသွားတော့သည်။

      "ဟာ!..."

      ကျွန်တော်အထိတ်တလန့်နှင့်  မေသူလေးကို
ချည်ထားသော ကြိုးများကို ခွဲစိတ်ဓားတစ်ချောင်း
ဖြင့် အမြန်ဖြတ်တောက်လိုက်ပြီး မေသူ့ကိုအမြန်
ပွေ့ချီလိုက်မိသည်။

       ပိန်ပိန်နှင့်လူက လဲကျနေရာမှထလာပြီး
လူထွားကြီးလဲထဲမှ သေနတ်ကိုအမြန်ယူ
လိုပ်ကာ ကလေးချီထားသော ကျွန်တော့်ကို
အမြန်ချိန်လိုက်ပြီး

       "မင်းရော ဒီအရှုပ်ထုတ်ရောအသက်ရှင်ခွင့်
မရေစရဘူးကြ.."

       ဒိုင်း!..ဒိုင်း!..

      ကြာနက်က ကျွန်တော်တို့ရှေ့မှကျောပေးကာ
လိုက်ကာ ကျွန်တော်တို့ကိုဆွဲလှဲချ၍လိုက်ပြန်
သည်။ ကလေးချီထားသော ကျွန်တော်ရောသူမပါ
ကြမ်းပေါ်လဲကျပြန်၏။လျှင်မြန်လွန်းလှသော ကြာ
နက်က ခန္ဓာကိုယ်ကို လဲကျချိန်၌လေထဲ၌ပင်အမြန်
လှည့်လိုက်ပြီး ပိန်ပိန်နှင့်လူကိုပစ်ချလိုက်သည်။

     ဒိုင်း!...

     "အား!..."

      ထိုသူလဲကျကာ ငြိမ်သက်သွားတော့မှ သူမ
လည်းအမြန်ပြန်ထလိုက်သည်။ ကျွန်တော်ကလေးကိုချီထားသောကြောင့် စိတ်သွားတိုင်းကိုယ်မပါဖြစ်
နေသည်။ မေသူလေးက ထိတ်လန့်တကြားကျွန်
တော့်ကို ဖက်ထားပြီး ငိုနေ၏။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now