အပိုင်း ၁၆

21 1 0
                                    


အမှောင်ကမ္ဘာရဲ့ အလင်းရှင်

                     အပိုင်း(၁၆)

     ရုတ်တရက် မီးငြိမ်းသွားသော လူအရိုး
ခေါင်းပေါ်မှ ဖယောင်းတိုင်မီးကို အောက်
လမ်းဆရာ ကျော်ထင် မျက်မှောင်ကျုံ့၍
ကြည့်လိုက်မိသည်။
     အစီအရင်စားပွဲက သိမ့်ခနဲ တစ်ချက်တုန်
သွားပြီး မကောင်းဆိုးဝါးသဏ္ဍာန် အရုပ်
သေးလေးက တစ်ပါတ်လည်သွားပြီး လဲ
ကျသွားတော့သည်။

     ဒေါက်!...

     "ဟင်..."

     ဦးကျော်ထင် ဒေါသတကြီးနှင့် ထိုအရုပ်
ကို ကိုင်ကာ နံရံဆီသို့ ကိုင်ပေါက်လွှင့်ပစ်
လိုက်တော့သည်။

     ဒုတ်!... ဖရောက်...

     အရုပ်က ကြမ်းပေါ်ပြန်အကျတွင် အပိုင်း
ပိုင်း ကျိုးကြေသွားတော့သည်။

     "တောက်!!... သွားပြန်ပြီ တစ်ကောင်...
စိတ်ပျက်စရာ ကောင်းလိုက်တာကွာ...
အမဲသားဖိုး ကုန်ရကျိုးမနပ်တဲ့ဟာတွေ...
အမြဲတမ်း ရှုံးနေလိုက်ကြ..."

     ဦးကျော်ထင်၏ မ​ေကျမနပ် ဖြင့် တစ်
ယောက်တည်း ဒေါသအိုးပေါက်ကွဲ၍
နေတော့၏။

🕖🕢🕗

     ဒေဝီ ဖျားနာနေသည့်ကြားမှ အားမာန်
သုံးလိုက်ရသဖြင့် အတန်ငယ် ပင်ပန်းသွား
၏။ ကုတင်ပေါ်၌ ငြိမ်ငြိမ်လေးထိုင်နေ၏။

     မိုးသက်ထန်ကို ဒေဝီပြုံး၍ကြည့်နေပြီး
ဆေးရုံ လျှောက်လမ်းအစွန်ဘက် မှောင်နေ
သော နေရာသို့ လက်ညွှန်ပြလိုက်ရင်း

     "အကိုလေး... အဲ့ဒီ့ အမှောင်ရိပ်ဘက်ကို
သွားကြည့်ပါလား..."

     မိုးသက်ထန် ဒေဝီ့ဆိုလိုရင်းကို နားမလည်
သဖြင့်

     "ဘာလို့လဲ လရောင်ရဲ့... ဘာလို့အမှောင်
ရိပ်ထဲ သွားခိုင်းတာလဲ..."

     "အကိုလေး အမှောင်ကိုကြောက်ရတဲ့
ဒုက္ခမရှိတော့ပါဘူး... အကိုလေးကို ည
မှောင်တိုင်း... အမှောင်ရိပ်ရှိတိုင်း အမြဲ
ဒုက္ခပေးနေတဲ့ အရာကြီးကို ဖယ်ရှား
ပေးလိုက်ပါပြီ..."

     "ဟင်... တ... တကယ်လားလရောင်..."

     ​ေဒဝီ ပြုံး၍ ခေါင်းညိမ့်ပြလိုက်၏။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now