အမှောင်ကမ္ဘာရဲ့ အလင်းရှင်အပိုင်း(၂၅)
မိုးသက်ထန် နံရံထောင့်ရှိ မိန်းကလေး
တစ်ယောက်၏ ပုံရိပ်ကို မြင်လိုက်ရသဖြင့်
ရုတ်တရက် ထိတ်လန့်သွားမိသည်။ထိုပုံရိပ်ကို သေချာကြည့်နေရင်းမှ
မကြာမီကသေဆုံးခဲ့သော နွေးနွေး၏ ပုံရိပ်
ဖြစ်နေသည်ကို သိလိုက်ရ၏။"ဟင်..."
"နွေးနွေး... မင်းက နွေးနွေးပဲ..."
နွေးနွေးက မိုးသက်ထန်ကို စူးစိုက်ကြည့်
ရင်း""လ... လ... လရောင်... လရောင်....""
သူမ အသံက ဗလုံးဗထွေးဖြစ်နေသဖြင့်
မိုးသက်ထန် ဂရုတစိုက် နားထောင်နေရ
သည်။"ဘာလဲ... ငါမကြားရဘူး... လရောင်
ကိုပြောတာလား..."နွေးနွေးက ခေါင်းညိမ့်ပြသဖြင့်
"လရောင် ဘာဖြစ်နေလို့လဲ...."
မိုးသက်ထန် ထိုသို့မေးနေစဉ်မှာပင်
အိပ်မက်က လန့်နိုးသွားခဲ့သည်။ မိုးသက်ထန်
ကုတင်ပေါ်တွင် ထထိုင်လိုက်ရင်း"လရောင် နာမည်ကိုပြောတာ...လရောင်
တစ်ခုခုဖြစ်နေလို့များလား..."အိပ်မက်နိမိတ်များကို ယုံကြည်တက်သူ
မဟုတ်သော်လည်း မသိစိတ်က စိုးရိမ်
မိလာသဖြင့် ဒေဝီ့အခန်းသို့ သွားကြည့်ရန်
မိုးသက်ထန် ဆုံးဖြတ်လိုက်ကာ ကုတင်ပေါ်
မှ ဆင်းလိုက်ပြီး တံခါးရှိရာ လျှောက်လာခဲ့
၏။🕖🕢
မဟာ မျက်နှာတပ်ထားသော mask ကို
မေးအောက်သို့အနည်းငယ်လျှောချလိုက်
ရင်း အတ္တ၊မာနတို့ရောထွေးနေသော သက်ပြင်း
လေ တစ်ချက်ကို မှုတ်ထုတ်လိုက်မိသည်။ဟူး...
အပြစ်ကင်းစင်စွာ အိပ်ပျော်နေသော ဒေဝီ့
မျက်နှာလေးကို စေ့စေ့ကြည့်မိရင်း မဟာ့
မသိစိတ်၌ အနည်းငယ် ပျော့ပြောင်းမိပြန်
သည်။☁️☁️☁️မဟုတ်သေးပါဘူး... လရောင်က
ငါမိုးသက်ကို လုပ်ကြံတဲ့ကိစ္စတိုင်းမှာ လိုက်
ရှုပ်နေတယ်ဆိုပေမယ့်... လရောင်က တရား
ခံဆိုတာ ငါလို့သိသေးတာမှ မဟုတ်တာ...
ငါ့ကိစ္စတွေကို ရှုပ်လို့ သတ်ပစ်ချင်ပေမယ့်
သူ့ကို သတ်ပစ်ဖို့ တကယ်လိုအပ်လို့လား...
သူ့ကိုသတ်လိုက်ရင် မကြာခင်က နွေးနွေး
ကိုလည်း သတ်ထားတာဆိုတော့... လူတွေက
သူသေတာနဲ့ နွေးနွေးသေတာကို ဆက်စပ်ပြီး
တွေးမိသွားကြရင် ခက်မယ်...
လရောင်သေတာ လူသတ်မှုလို့ ရိပ်မိကုန်
နိုင်တဲ့အပြင် နွေးနွေးသေတာကိုပါ လူသတ်မှု
မှန်း ရိပ်မိကုန်ရင် ပြသနာရှိတယ်...
ငါဘာလုပ်ရမလဲ... တော်ပါပြီကွာ...
လရောင်ကို သတ်လို့ ငါ့အတွက်အကျိုး
သိပ်မရှိပါဘူး...
မိုးသက်ကိုလည်း သတ်ရဦးမှာဆိုတော့
ဒီအိမ်မှာ လူတွေသေတာများလာရင် ဒီလူ
တွေဟာ အသတ်ခံရတာလို့အားလုံးက ရိပ်
မိလာကြနိုင်တယ်...
ဟုတ်တယ်... မိုးသက်အပြင် နောက်တစ်
ယောက်ကို မသတ်တော့ဘူး... မလိုလား
အပ်တဲ့ ပြသနာတွေ ဖြစ်လာနိုင်တယ်...☁️☁️☁️
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇