လျှို့၀ှက်စွာမြတ်နိုးခဲ့မိသော

45 4 0
                                    

လျှို့ဝှက်စွာ မြတ်နိုးခဲ့မိသော (စ/ဆုံး)

မှန်ထဲက ကျွန်တော့်ပုံရိပ်ကိုကျွန်တော်
ပြန်ကြည့်ရင်းပြုံးလိုက်မိသည်။ ညီညာသော
မိတ်ကပ်၊ မမှိန်လွန်းမတောက်လွန်းသော
နှုတ်ခမ်းနီနှင့် ဇင်ယော်တောင်မျက်ခုံး
၂ဖက်အောက်မှ တောက်ပရွှန်းစိုနေသော
မျက်ဝန်းနက်နက်များ....
တကယ့်ကို မိန်းမချောတစ်ယောက်
လိုပါပဲ...
အကြောင်းမသိသူဆိုလျှင် ကျွန်တော့်
ကိုမိန်းကလေးအစစ်ဟုသာ ရုတ်တရက်ထင်မှတ်ကြစမြဲဖြစ်သည်။

ကျွန်တော့်နာမည် မိုးမခ...
နာမည်က ဆန်းသလို ဘဝကလည်း
ဆန်းခဲ့သည်။
ကျွန်တော်ငယ်စဥ်ကလေးဘဝကတည်း
က မိဘ၂ပါးစလုံး ဆုံးရှုံးသွားခဲ့ပြီးသည့်
နောက်ပိုင်း ဦးလေးဖြစ်သူ (မိတ်ကပ်မိုးသူ)
၏ မွေးစားစောင့်ရှောက်မှုဖြင့် ကြီးပြင်း
ခဲ့ရ၏။
သူ့အားကျွန်တော်က ဒေါ်လေးဟုသာ
ခေါ်ခဲ့ရပြီး တစ်ခါတစ်ရံ ဦးလေးဟု
ယောင်ရမ်းခေါ်မိသည့်အခါ သူကျွန်တော့်
အား မကျေမနပ်ဖြင့် ကြည့်တက်သော
ချစ်စဖွယ် မျက်စောင်းရွှဲရွှဲကြီးကို
ကျွန်တော့်မြင်လွှာတွင် ယနေ့တိုင် မေ့မ
ရနိုင်သေး။

သူ၏ တပည့်များသည်လည်း သူ့လို
ပင်မိန်းမလျာများဖြစ်သည့်အလျောက်
အလှဖန်တီးရှင် ၈ယောက်ခန့်ရှိသော
လူတစ်စုအကြားကြီးပြင်းခဲ့ရသော
ကျွန်တော်သည်လည်း တံငါနားနီး တံငါ
ဆိုသလိုပင် လူမမယ်အရွယ်မို့ ၎င်းတို့
ဆင်ယင်ပေးခဲ့သော မိန်းကလေးဝတ်
အင်္ကျီ စကပ်တို့နှင့်သာကြီးပြင်းခဲ့ရ၏။
နူးညံ့သိမ်မွေ့သော မိန်းမသား၁ယောက်
၏ ဖြစ်တည်မှုကို မသိမသာမှသည်
တဖြည်းဖြည်း လက်ခံလာခဲ့မိသည်မှာ
ယခု အသက်၃၀ပင်ကျော်ခဲ့ပြီ မဟုတ်ပါ
လား....

ယခု မိတ်ကပ်လောကတွင် မိတ်ကပ်
မိုးမခဟူသော နာမည်တစ်လုံးကို ကျွန်
တော် အထိုက်အသင့် ဖော်ဆောင်နိုင်ခဲ့ပြီ
ဖြစ်သည်။
နိုင်ငံကျော်မင်းသမီးအချို့ကိုပင် မိတ်ကပ်ပြင်ပေးရသည်အထိ အောင်မြင်
မှုအတန်အသင့်ရှိသော မိတ်ကပ်ပညာရှင်
အဆင့်ရှိနေခဲ့ပြီဖြစ်သည်။

ယခုအချိန်တွင် ဦးလေးဖြစ်သူ (ဒေါ်လေးမိုး)လည်း အစာအိမ်ကင်ဆာဖြင့် ကွယ်လွန်
ခဲ့ပြီဖြစ်သလို ဦးလေးဖြစ်သူ၏ တပည့်ကျော်တို့သည်လည်း မိန်းမလျာအိုကြီး
များအဖြစ်ရှင်သန်နေကြဆဲပါပင်။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now