ကယ်တင်ရှင်သေမင်း
အပိုင်း(၅)ထိုသူက အရေးပေါ်အခြေအနေဖြစ်နေသည့်
ကြားမှပင် ဒေဝီ့ကိုအံကျိတ်၍ကြည့်လိုက်ရင်း"မင်းကိုသေစေချင်လို့ သတ်ခဲ့တာတောင် မင်းက
မသေဘဲ အသက်ပြင်းနေတာကိုး...
မင်းကိုသတ်ခဲ့တဲ့ငါကျတော့ အခုသေတော့မယ်...
ပြောင်းပြန်တွေဖြစ်ကုန်ပြီ...ဟား...ဟား...
အား..."ထိုသူ၏ကုတင်နံဘေးရှိ နက်(စ)က ထိုသူ့ကို
ပြောလိုက်သည်။"ရှင် စကားမပြောဘဲ နေပါ...ဒီအချိန်က
စကားများများမပြောသင့်ဘူး...အားပိုကုန်လိမ့်
မယ်..."ထိုသူက ဝေဒနာခံစားနေရသည့်ကြားက
သူ၏ရင်ဘက်မှ ဒဏ်ရာကိုဖိကိုင်လိုက်ပြီး
နက်(စ)ကို မိုက်ကန်းကန်းကြည့်လိုက်ရင်း"ကျုပ်ကိုအပိုတွေလာပြောမနေနဲ့ ကျုပ်အသက်
ရှုလို့မဝတော့ဘူး...ကျုပ်အခြေအနေ ကျုပ်သိတယ်...
သေမှာက သေမှာပဲ...မသေခင်ကျုပ်ဘာသာလုပ်
ချင်တာ လုပ်ပါရစေ..."နက်(စ) ဝန်ထမ်းမိန်းကလေးက အရေးပေါ်
အခြေအနေ၌ပင် လူမိုက်ဆန်ဆန်စကားပြော
နေသော ထိုသူအား မျက်မှောင်ကျုံ့၍ကြည့်ရင်း
ခေါင်းခါလိုက်ကာ မျက်နှာလွှဲလိုက်၏။ထိုသူ၏အနီးတွင် အသင့်ပါလာသော
ရဲ ဝန်ထမ်း၂ ယောက်ကိုမြင်ရသဖြင့် ထိုသူ
ယခုဆေးရုံရောက်လာရခြင်းအကြောင်းမှာ
ရာဇဝတ်မှုတစ်ခုခုနှင့် ပတ်သတ်လိမ့်မည်ဟု
ကျွန်တော်တွေးလိုက်မိသည်။ထိုသူက ဒေဝီ့ကိုစူးစိုက်ကြည့်ရင်း
"မင်းကိုငါဘာလို့သတ်ချင်တာလဲလို့
မေးချင်တာမဟုတ်လား..."ဒေဝီအမှန်တကယ်သိချင်မိသော်လည်း
ခွန်းတုံ့မပြန်မိပါ။" ငါ့အဖေက နာမည်ကြီးအောက်လမ်းဆရာ
တစ်ယောက်ပဲ...ငါ့အဖေက မင်းအဖေဦးသီဟနဲ့
ပညာပြိုင်ကြရင်း ရှုံးခဲ့တယ်...ပြိုင်ပွဲကပြင်းထန်
တော့ ငါ့အဖေ စိတ်မူမမှန်ဖြစ်သွားတယ်...
ပညာစူးပြီး..ရက်ပိုင်းလောက်ပဲခံတယ်...
နောက်ဆုံးလုံးပါးပါးပြီးသေတာပဲ...
ငါ့အဖေသေရတာ မင်းအဖေကြောင့်...
အ...အား...."
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇