၁၁

21 1 0
                                    

သန္ဓေသားပျော်ရည်ဆေး
                        အပိုင်း(၁၁)

     ရန်ကြီးအောင်က ဆေးရည်တစ်ဖုံစာ
အတွက်လိုအပ်နေသော နောက်ဆုံး သတ္တမ
မြောက်သန္ဓေသားကို ဂက်(စ)မီးဖြင့်မှုတ်ကာ
အပူပေးလိုက်ပြီး အရည်ဖျော်လိုက်ကာ ထုံးစံ
အတိုင်း ရွှေခွက်၊ရွှေခရားတို့ဖြင့် အရည်ကို
ခံယူလိုက်၏။
     ထို့နောက် သန္ဓေသား၇ခုမှရရှိထားသော
မီးမြိုက်အရည်တို့အား ရွှေဖလားတစ်ခုအတွင်း
စုပေါင်းထည့်လိုက်ရင်း ရွှေဇွန်းဖြင့် အလုံးစုံ
ရောမွှေနေ၏။ မွှေနေစဥ် အချိန်အတွင်း
မန္တန်တစ်ခုကို အဆက်မပြတ်ရွတ်ဆိုနေပြီး
သူ၏ စိတ်အာရုံသည်မွှေနေသောဇွန်းနှင့်
မန္တန်ကိုသာ အာရုံစိုက်ထားကြောင်း တည်ငြိမ်
နေသော မျက်လုံးများက သက်သေခံနေ၏။

     ရန်ကြီးအောင်က မန္တန်ရွတ်ဆိုကာ ဆေးရည်
များရောမွှေနေခိုက် အခြားသော အမှုန့်များ
အရည်များကိုလည်း လိုအပ်သည့်အချိုးအစား
အတိုင်း အနည်းငယ်စီလောင်းထည့်လိုက်၏။
     ဆေးရည်စီရင်ရင်း ပြီးဆုံးသည်နှင့် ဆေးရည်
များကို အရွယ်တူ ဖန်အိုးလေးများအတွင်းသို့
အဖိတ်အစင်မရှိအောင် ဂရုတစိုက်ထည့်လိုက်
၏။

     ထို့နောက် အောင်မြင်စွာ အသင့်အသုံးပြု
ရန် စီမံပြီးပြီဖြစ်သော ဆေးရည်များရှိနေသော
ကြွေအိုးလေးများကို ဂရုတစိုက်ဖြင့် သိမ်း
ဆည်းလိုက်တော့၏။ သူ၏ အရေးတကြီး
လိုအပ်ချက်ဖြစ်သော ဆေးရည်အိုးလေးများ
အဆင်သင့်ဖြစ်ပြီမို့ ရန်ကြီးအောင် ကျေနပ်စွာ
ပြုံးလိုက်မိသည်။

🕔🕓🕒

     ဒေါက်...ဒေါက်...
     "ဆရာကြီး...ကျွန်တော်ပါ...သော်ဇင်ပါ..."

     အစီအရင်ကိစ္စများပြီး၍ မိနစ်အနည်းငယ်
အကြာတွင် တံခါးခေါက်သံကြားရသဖြင့်
ရန်ကြီးအောင်က တံခါးကိုကြည့်ကာပြော
လိုက်၏။

     "အေး...သော်ဇင် ဝင်ခဲ့...."

     သော်ဇင်က အခန်းတွင်းရောက်သည်နှင့်
ရန်ကြီးအောင်ကို ကြည့်လိုက်ရင်း

     "ဆရာကြီး...သားကောင်အသစ်ရနိုင်တဲ့
အိမ်တစ်အိမ်ရှာတွေ့ထားပါတယ်...ဒါပေမယ့်
သားကောင်ရဲ့ အမျိုးသားနဲ့ အကိုက နောက်
သုံးရက်လောက်နေမှ ခရီးထွက်မယ်လို့ သိရ
ပါတယ်..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now