၁၂

14 0 0
                                    

ပန်းခြွေမိစ္ဆာ
                             နှင့်
                သတ္တမမြောက် အပျိုစင်

    
                       အပိုင်း(၁၂)

          ဦးတိုက်မောင်းက သံလုံးလဲကျနေရာသို့
သွားပြီး သံလုံးအားစက်ဆုတ်သော မျက်လုံး
ဖြင့်ကြည့်လိုက်ရင်း...

       "ဒီရွာနဲ့ ရွာနီးချုပ်စပ်ရွာတွေက မိန်းကလေး
တွေ အသေအပျောက်တွေဖြစ်နေတာ မင်းဆရာ
ဦးဖြူစင် လက်ချက်ပေါ့..."

         သံလုံးက အားယူ၍ပြန်ပြော၏။

      "အဲ့နာမည်က ပြောင်းထားတာ...သူ့နာမည်
အစစ်က မိုးမှောင်...ထောင်ပြေးတစ်ယောက်ပဲ"

         "အင်း...ငါမေးတောဖြေဦးလေ...မိန်းက
လေးတွေ အသေအပျောက်တွေဖြစ်နေတာမင်း
တို့လက်ချက်လား..."

        "ဟုတ်တယ်...ဆရာကြီးက အပျိုစင်၇
ယောက်ကို သတ်ပြီး ကညာစင်သေမင်း
နတ်ဘုရားကိုပူဇော်ရမှာ..."

         "ဦးတိုက်မောင်းကမျက်မှောင်ကျုံ့
လိုက်ရင်း..."

        "ငါနားမလည်ဘူး...ဘာလုပ်ဖို့ပူဇော်တာလဲ
လူကိုရက်ရက်စက်စက်သတ်ပြီးပူဇော်ရလောက်
အောင် ဘာအကျိုးကျေးဇူးတွေရမှာမို့လို့လဲ..."

        "အဲ့လိုပူဇော်လို့ အပျိုစင် ၇ ယောက်ပြည့်
ရင် မိန်းကလေးတွေကို မျက်လုံးချင်းဆုံအောင်
စိုက်ကြည့်လိုက်တာနဲ့ အဲ့ဒီ့မိန်းကလေးရဲ့လိပ်
ပြာကို ပိုင်ဆိုင်ခွင့်ရပြီ... အဲ့ဒီ့မိန်းကလေး ကိုယ်
ထဲကို ဆရာကြီးကသူ့လိပ်ပြာကို ကြိုက်သလို
ဝင်ထွက်နိုင်မယ်... အဲ့ဒီ့မိန်းကလေးရဲ့လိပ်ပြာ
ကို ညို့ယူပြီးအချိန်မရွေး ခေါ်နိုင်ပြီ..."

        "အဲ့လိုခေါ်ပြီးသူက ဘာလုပ်တာလဲ..."

         သံလုံးက ဝမ်းဗိုက်မှဒဏ်ရာကြောင့်
ညီးတွားလိုက်ရင်း...

         "အား...ကျွတ်..ကျွတ်..
       မိန်းကလေးတွေလို အဲ့လို ခေါ်ပြီးရင် လူ
ကုန်ကူးပြီးစီးပွားရှာဖို့ပဲ...ပြီးရင်...သူမိန်းမချော
တွေအားလုံးကို မျက်လုံးချင်းဆုံအောင်လိုက်
ကြည့်ပြီး လိပ်ပြာတွေကိုညို့ခေါ်ပြီး ပန်းဆွတ်
ဖို့ပဲ..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now