အပိုင်း ၅

33 2 0
                                    


မိစ္ဆာချစ်သူ
                        အပိုင်း(၅)

         သန်းခေါင်ကျော်အချိန်ဖြစ်သည်မို့ ကင်း
စောင့်နေသော ပုလိပ်သားအချို့ငိုက်မြည်းစပြု
လာပြီဖြစ်သည်။ ရာဇဝတ်အုပ် မင်းဒင်လည်း
တောအရက်တန်ခိုးဖြင့် ရီဝေနေပြီဖြစ်သည်။
         ရွာဂတ်၌ ယာယီဖမ်းစီးထားသော တော်
လှန်ရေးအဖွဲ့တစ်ခုမှ တော်လှန်ရေးသမားများ
ဟုယူဆရသူသုံးဦးအားစောင့်ကြည့်ရန်အချုပ်
ခန် းဝ၌ပုလိပ်တစ်ယောက်ကိုအစောင့်ချထား၏
နောက်နေ့မိုးလင်းမှ မြို့ဂတ်သို့ပို့ဆောင်စစ်ဆေး
ရန် မင်းဒင်စီစဉ်ထားပြီးသားဖြစ်သည်။

        ဝှစ်..ဘုတ်.....

         မြေပေါ်သို့ပေါ့ပါးစွာခုန်ဆင်းလာသောလူ
ရိပ်တစ်ခု ၇ပေခန့်မြင့်သောခြံစည်းကို ကြောင်
တစ်ကောင်လို ပေါ့ပါးစွာဝင်ရောက်လာ၏။
ထို့နောက် အမှောင်ရိပ်ရှိနေသောနေရာမှ တဆင့်
ကင်းစောင့်နေသောပုလိပ် ၂ ယောက်၏အပေါ်
ဘက် တန်းပေါ်သို့ ခုန်တက်လိုက်၏။

        ဝှစ်...ဟင်...

         ရုတ်တရက်မိမိအရှေ့သို့ခုန်ချလာသော လူတစ်ယောက်ကိုမြင်လိုက်ရသဖြင့် အံ့ဩသွား
သောပုလိပ် မအော်နိုင်ခင်မှာပင် ပြင်းထန်လှ
သော လက်ဝါးစောင်းရိုက်ချက်က လည်စောင်း
နေရာသို့ ဝင်ရောက်သွားချေ၏။

          ဒုတ်...အ....

           "ဟင်...."

          နံဘေးမှ ပုလိပ်လည်းအသံသဲ့သဲ့ကြား၍
ငိုက်နေရာမှ မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ့အ
ဖော် ပုလိပ်သား လဲကျနေသည်ကိုတွေ့လိုက်ရ
သဖြင့်ထိတ်လန့်သွားမိသည်။ရုတ်တရက်မို့
အော်ရန်ပင်မေ့နေမိသည်။သေနတ်ကိုကယောင် ကတန်းဖြင့် ဘယ်ညာရမ်းချိန်နေစဉ်မှာပင်
အပေါ်ထုတ်တန်းမှ အရိပ်မည်းတစ်ခုက ထိုပု
လိပ်၏အနောက်ဘက်သို့ပြုတ်ကျ လာပြန်၏။

          "ဟာ..."အု...ဒုတ်...အ...

           ပုလိပ်သားမအော်နိုင်ခင်မှာပင် ပါးစပ်ကို
ပိတ်၍ လည်စောင်းမေ့ကြောကို ခပ်ပြင်းပြင်း
အဖိခံလိုက်ရ၏။ပုလိပ်လည်း တဆက်ဆက်
တုန်ခါသွားကာ မေ့မျောသွားချေ၏။
           အရိပ်မည်းက ထိုပုလိပ်ထံမှသော့ယူ
လိုက်ကာ တံခါးကိုအမြန်ဖွင့်ဝင်လိုက်ပြီး အ
ချုပ်ခန်းရှိရာသို့အမြန်ပြေးသွား၏။ သာမာန်လူ
ထက်လျှင်မြန်လွန်းရကား အနက်ရောင်အရိပ်
တစ်ခုကိုသာ ရောင်ပြေးသဏ္ဍန်မြင်နိုင်၏။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now