အပိုင်း ၂၇

27 1 0
                                    


ရင်ကွဲတစ္ဆေ

                       အပိုင်း (၂၇)

     ကျော်ဇော၏ဤမျှနာကျည်းမုန်းတီးနေသောအ
ငွေ့အသက်တို့ ပြည့်နှက်နေသော မျက်လုံးအစုံကို
ဝင့်နဒီမမြင်ဖူးသဖြင့် ဝမ်းနည်းစိတ်နှင့်အတူ
သိမ်ငယ်စိတ်တို့တပြိုင်နက်ဝင်လာခဲ့သည်။
သူမမငိုမိအောင် တင်းတားသော်လည်း မျက်ရည်
ဆည်တံခါးက ထိန်းမရအောင် သွင်သွင်ကျိုးကျ
တော့သည်။

   " ကျော်ဇောရယ်...ငါ..ငါလေ နင့်ကိုပိုင်ဆိုင်ချင်
တယ်...ငါ့ရင်ထဲမှာ နင့်ကိုတစက္ကန့်လေးမှမေ့လို့
မရဘူး...ဒါကြောင့်ငါ...ငါ..."

     "နင့်ပါးစပ်ကိုပိတ်ထားလိုက်တော့...ဘာမ
ဟုတ်တဲ့စိတ်ခံစားချက်ကို ဦးစားပေးပြီး အချစ်ဆုံး
သူငယ်ချင်းကိုတောင် ရက်ရက်စက်စက်သတ်ရက်
တယ်...နင့်မှာလူစိတ်မရှိလား နဒီ....နင်တော်
တော် အတ္တကြီးပါလား..."

    " ဘာ...ဘာမဟုတ်တဲ့ စိတ်ခံစားချက်တဲ့လား...
မဟုတ်ဘူး...အဲ့ဒီ့ခံစားချက်က ငါ့ကိုဘိုင်းကနဲလဲ
သေသွားလောက်အောင်စွမ်းအားကြီးတာ...နင်သိ
လား...နင်ငါခံစားနေရတာကို နင်မသိပါဘူး...နင့်ငါ့ကို
ဘယ်တော့မှ ကိုယ်ချင်းစာနိုင်မှာမဟုတ်ဘူး..."

     မိစုလည်းသတိရလာပြီဖြစ်ပြီး ဝင့်နဒီကို စူးစိုက်
ကြည့်ရင်း

     "ရှင်တော်တော် အရှက်မဲ့တဲ့မိန်းမပဲ မနဒီ...
ကျွန်မရှင့်ကိုလေးစားမိခဲ့သမျှ အလကားပဲ...
ယောက်ျားတစ်ယောက်အတွက်နဲ့ ညီအမအရင်း
လို ဖြစ်နေတဲ့သူကို ရက်ရက်စက်စက်သတ်ရက်
တယ်...ရှင့်လောက်အောက်တန်းကျတဲ့ မိန်းမ
လောကမှာ ရှိတော့မယ်တောင်မထင်ဘူး..."

      သူမအား အမြဲလေးလေးစားစားဆက်ဆံ
တက်သောမိစု၏ ရင့်သီးလှသော စကားကြောင့်
ဝင့်နဒီ ခံပြင်းစွာ အံကျိတ်လိုက်မိသည်။

    ဇော်ကြီးကလည်း ကျော်ဇောလက်ထဲမှဓားကို
ယူလိုက်ကာ ဝင်နဒီကို ဓားဦးဖြင့် ချိန်ရွယ်၍ကိုင်
လိုက်ရင်း

     "ခင်ဗျားလို မိန်းမမျိုးက အသက်ဆက်မရှင်
သင့်တော့ဘူး... ခင်ဗျားသေသင့်တယ်...အမနှင်း
အတွက် ခင်ဗျားကို ကျွန်တော်အခုပြန်သတ်မယ်...
မိန်းမယုတ်..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now