အပိုင်း ၈

34 1 0
                                    

မိစ္ဆာချစ်သူ
အပိုင်း(၈)

[၂၀၁၇ ရန်ကုန် ]

ရှိုင်းနေ အရှေ့သို့ သူ၏တပည့်နှစ်ယောက်
ဖမ်းချုပ်၍ ခေါ်လာသော သူ၏အခြားတပည့်
တဦး...မျက်နှာတွင်လည်း အညိုအမည်းစွဲ ဒဏ်
ရာများရှိနေ၏။

ဖမ်းခေါ်လာသူ ၂ ယောက်တည်းမှတစ်
ယောက်ကပြော၏။

"ဆရာ...ဒီကောင်ပစ္စည်းတွေဖြောင်ပြီးလစ်
ဖို့ကြံတာဆရာ...ကျွန်တော်တို့ပြန်ဖမ်းလာခဲ့တာ
... မိုက်တီးက ဒီကောင့်ကိုဖမ်းရင်းဒီကောင်ပြန်
ခံပစ်လို့သေသွားပြီ..."

ရှိုင်းနေက ထိုင်နေရာမထ ဆေးလိပ်ပင်အ
သောက်မပျက် သူ့ရှေ့တွင် ခေါင်းငုံ့ကာမက်တပ်
ရပ်နေသူအားစေ့စေ့ကြည့်၍ စီးကရက်ကိုဖွာ
လိုက်ရင်း...

"ဟား....ဟား.....တယ်သတ္တိကောင်းတဲ့ငါ့
တပည့်ပါလားကွ...နေစမ်းပါဦး...ဇော်ရဲ..မင်းက
ဘာလို့ဒီလိုလုပ်ရတာလည်း....ငါ့ကိုသစ္စာဖောက်
ရင်....အသက်ရှင်ခွင့်ရတဲ့လူကိုမင်းမြင်ဖူးလို့
လား...."

ဇော်ရဲက တုန်ယင်စွာပြန်ပြော၏။

"ကျွန်..ကျွန်တော်...ဒီအလုပ် မလုပ်ချင်
တော့လို့ပါ...ပြီးတော့ ကျွန်တော်ယူသွားတဲ့ပ
စ္စည်းတွေကလည်း ကျွန်တော်ရသင့်ရထိုက်တဲ့
တန်ဖိုး အရေအတွက်ပါ....ကျွန်တော့်ကောင်မ
လေးက ကျွန်တော့်ကို ဒီအလုပ်ဆက်မလုပ်မှ
လက်ထပ်မယ်ဆိုလို့ပါ....ကျွန်တော်ကိုယ်တိုင်
လည်း..ဒီအလုပ်ကို စိတ်ကုန်နေပြီမို့လို့ပါ...."

ရှိုင်းနေ ရယ်၏။

"ဟား...ဟား....ဟား....မဆိုးဘူးကွ မင်း
အတွေးအခေါ်ကောင်းသားပဲ...ဟင်း...ဟင်း.......
ဟား... ဟား...ဟား...."

ဒေါထွက်လျှင် ခနဲ့၍ရယ်တက်သော
ရှိုင်းနေ၏ အကျင့်ကိုသိနှင့်နေသော သူ၏ဘယ်
ညာတွင်ရပ်နေကြသောသူ၏ငယ်သားများအား
လုံးမျက်စိ မျက်နှာသိသိသာသာပျက်နေကြ၏။
မကြာမှီထိုရယ်သံနောက်မှ ကြောက်စရာသေ
မင်း တစ်ကောင်ရောက်လာတော့မည်မဟုတ်ပါ
လား.....

"အေးလေ မင်းကအမြင်မှန်ရပြီးဒုစရိုက်မှု
မှာမပျော်တော့ဘူးဆိုတော့လည်း မင်းသွားချင်
တဲ့ လမ်းကိုသွားပေါ့ကွာ...အေး...ဒါပေမယ့်...
အသက်ရှင်ရက်တော့မဟုတ်ဘူး...."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now