သန္ဓေသားပျော်ရည်ဆေး
အပိုင်း(၆)ကိုယ်ဝန်ဆောင်အမျိုးသမီးက မူးဝေနေ
သောသူမ၏ဦးခေါင်းကို အနည်းငယ်ခါရမ်း
လိုက်ရင်း နားထင်၂ဖက်ကို လက်ညိုး၊လက်မ
တို့နှင့်ဖိကိုင်ကာ လမ်းမလျှောက်သေးဘဲ ခဏ
ရပ်၍နေ၏။
သူမစျေးဆက်ဝယ်နိုင်တော့မည်မဟုတ်သည်
ကို သိလိုက်သဖြင့် အိမ်ပြန်ရန် taxi ရှာကြည့်မိ
သည်။ သူမကံဆိုးသည်က သူမနှင့်အနီးဝန်း
ကျင်တွင် taxi ကားတစ်စီးတစ်လေပင် မတွေ့
ရပါ။ အိမ်ကိုဖုန်းဆက်အကြောင်းကြားရန်တွေး
မိသော်လည်း phone က battery ကုန်နေသဖြင့်
အိမြ၌ ထားခဲ့မိ၏။
သူမနေသော ကွန်ဒိုနှင့် မဝေးလှသဖြင့်
လွယ်လွယ်သာတွေးပြီး ဖုန်းယူမလာမိခြင်းကို
ယခုမှပင် နောင်တရနေမိသည်။mask အနက်ရောင်တပ်ထားသော
ဇော်မျိုးက သူမအနီးသို့ ကပ်လာခဲ့ရင်း
သူမအားဖေးမလိုသော အကြည့်ဖြင့်ကြည့်ရင်း
မေးလိုက်၏။"အမ ဘာဖြစ်လို့လဲ... ကိုယ်ဝန်ကြီးနဲ့ ဗိုက်နာ
နေလို့လား..."သူမ ဇော်မျိုးကို အားကိုးသလိုအကြည့်ဖြင့်
ကြည့်လိုက်ရင်း"မဟုတ်ဘူးမောင်လေး... အမရုတ်တရက်
ခေါင်းမူးလာလို့ပါ... သွေးအားနည်းတာလား
မသိပါဘူး... တော်တော်လေးကို မူးနေတယ်...
လမ်းတောင်မလျှောက်နိုင်တော့ဘူး...""ဟင်...ဟုတ်လား... ဒါဆိုကျွန်တော်ဆေး
ခန်းပို့ပေးမယ်လေ..."ကိုယ်ဝန်ဆောင်အမျိုးသမီးက ခေါင်းညိမ့်
ပြရင်း"အေး...အေး...ကူညီပါဦးကွယ်...
တော်တော်မူးနေလို့ပါ... နီးစပ်ရာဆေးခန်း
ကိုအရင်ပို့ပေးပါ...ပြီးမှ အမအမျိုးသားကို
တစ်ယောက်ယောက်ဆီက ဖုန်းငှားဆက်ပြီး
လာခေါ်ခိုင်းလိုက်တော့မယ်... အရေးထဲ ဖုန်း
ကလည်း ဒီနေ့မှ ထားခဲ့မိတယ်..."ဇော်မျိုးက သူတို့ဆင်သော ခွင်(ဂွင်)
ထဲသို့ရောက်လာပြီဖြစ်သော သူမကို ခပ်ထေ့ထေ့
ပြုံး၍ ကြည့်လိုက်ရင်း"ဟုတ်ကဲ့ပါအမ... ခဏလေးနော်... ကျွန်တော်
ကားငှားလိုက်ဦးမယ်..."
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇