သန္ဓေသားပျော်ရည်ဆေး
အပိုင်း(၁၂)ကျွန်တော်အသက်ရှူရခက်ခဲလာပြီး
ကျွန်တော့်လည်တိုင်ကို ဆုတ်ကိုင်ထားသော
အခိုးအရိပ်သဏ္ဍန် ပရလောကသား၏
လက်ကို ဖယ်ရှားမရဖြစ်နေ၏။ရုတ်တရက် ဦးသီဟစီရင်ပေးထားသော
အင်းကွက်ပါသော ဆွဲကြိုးကို သတိရလိုက်မိ
ပြီး အင်္ကျီဖုံးနေသော ထိုကြိုးလေးကိုပေါ်လွင်
စေရန် ကျွန်တော့်အင်္ကျီရင်ဘက်မှ ကြယ်သီး
များကိုပြုတ်ထွက်သွားအောင် ကျွန်တော့်
ဘာသာ ဆွဲဖြုတ်လိုက်၏။ဖြောက်....
ဆွဲကြိုး လော့ကတ်သီးနေရာတွင်ရှိနေသော
ခရစ်စတယ် ကျောက်ပြား၏ အတွင်းသား
မှ အင်းပြားလေးက အလင်းရောင်စူးခနဲ
ထွက်လာတော့သည်။ ထိုအလင်းတစ်ချက်
ဖြာထွက်သွားသည်နှင့် အနက်ရောင်အခိုးအငွေ့
သဏ္ဍန် ပရလောကသားသည်လည်း တွန့်ခနဲ
ဖြစ်သွားကာ ကျွန်တော့်လည်တိုင်ကို ဆုတ်
ထားသောလက်ကို လွှတ်ပေးလိုက်ပြီး
အဝေးဆီသို့ လျစ်ခနဲ ပြေးထွက်ပျောက်ကွယ်
သွားတော့သည်။
ကျွန်တော်လည်း နာကျင်နေသော လည်တိုင်
ကို ပွတ်သပ်လိုက်ပြီးမှ စောစောက ထွက်ပြေး
သွားသော ဒုစရိုက်သမား၏ ပြေးရာလမ်းအတိုင်း
လိက်လာခဲ့မိသည်။ ထိုသူ့ကို လတ်တလော
မတွေ့ရတော့ပါ။🕔🕓🕒
ဇော်မျိုး ပြေးနှုန်းကိုမလျှော့ဘဲ အားကုန်
ပြေးနေဆဲ ဖြစ်သည်။ သူ့နောက်မှ သူ့အားလိုက်
ဖမ်းသူသည် သူခေါ်လာခဲ့သော ပရလောက
သားလက်မှ အကြောင်းတစ်ခုခုဖြင့် လွတ်လာ
နိုင်သည်ကို ဇော်မျိုးတွက်ဆထားပြီးသားဖြစ်
သည်။
ထိုသူနှင့်သူ တစ်ယောက်ချင်းတိုက်ခိုက်လျှင်
ကိုယ်ခံပညာ သူ့ထက်သာလွန်သော ထိုသူအား
ဇော်မျိုးမယှဥ်နိုင်မှန်း သူ့ကိုယ်သူသိသဖြင့်
ထိုသူနှင့် ဝေးသထက် ဝေးအောင် ပြေးနေမိခြင်း
ဖြစ်သည်။ဇော်မျိုး အဖမ်းခံရပြီး ရဲလက်အပ်ခံခဲ့ရလျှင်
သူလုပ်ထားခဲ့သော အပြစ်များသည် သေဒဏ်
မဟုတ်လျှင်သော် ထောင်ဒဏ် နှစ်ရှည်ကျမည်မှာ
မြေကြီးလက်ခပ် မလွဲပါချေ။
ဇော်မျိုး လတ်တလော အဖမ်းမခံလိုသေးပါ။
သူအဖမ်းခံရမည်ဆိုလျှင်လည်း ရန်ကြီးအောင်
အား တစ်စုံတစ်ခု တုံ့ပြန် လက်စားချေပြီးမှ
သာ အဖမြးခံလို၏။
ထို့ကြောင့် လတ်တလော လွတ်မြောက်ရေး
အတွက် အသည်းအသန် ပြေးနေမိခြင်းဖြစ်
သည်။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇