အပိုင်း ၁၃

46 3 0
                                    

ကယ်တင်ရှင်သေမင်း
အပိုင်း(၁၃)
                  

        🎶🎶🎶🎶🎶🎶🎶

       ကျွန်တော် ဖုန်းသံမြည်လာသဖြင့် ဖုန်းကို
ကောက်ယူလိုက်ပြီး နားထောင်လိုက်သည်။
Ringtone သံကြောင့် ဦးသီဟမှန်းသိပြီးသား
ဖြစ်၏။

      "ဟလို... ဦးလေးလား..."

     "အေး... ဇာမဏီ သမီးဒေဝီ အိမ်ပြန်မရောက်
သေးလို့ကွ... သူဘယ်သွားနေလောက်လဲ မင်း
သိမလားလို့..."

      "ကျွန်တော်လည်းမသိဘူး ဉီးလေးရဲ့ ဒီနေ့
ကျွန်တော် ဒေဝီနဲ့ မနက်ပိုင်းလောက်ကပဲဆုံ
ဖြစ်တာ...."

       "အေး... သမီးငြိမ်းကိုလည်းဆက်ပြီးပြီ
မနက်ပိုင်းလောက်ကပဲ ဆုံဖြစ်တယ်ပြော
တယ်... ရှိုင်းနေကလည်း သမီးငြိမ်းနဲ့ တနေ
ကုန်နီးပါး အတူရှိနေကြတာတဲ့..."

      "ဒေဝီ အဲ့လိုအိမ်ပြန်နောက်မကျတက်ဘူး
နော်ဦးလေး..."

     " အေးဟုတ်တယ်... ဖုန်းဆက်ကြည့်တော့
လည်းဖုန်းမကိုင်ဘူး သမီးဒေဝီက... တစ်ခုခု
ဖြစ်နေမှာကို စိုးရိမ်တာကွ..."

      " ရဲစခန်းမှာ လူပျောက်တိုင်ရင်ရော..."

        "အေး...စခန်းမှုးနဲ့ငါနဲ့က ခင်တော့ခုဏက
ဖုန်းတောင်ဆက်ပြီး ပြောထားသေးတယ်...
စခန်းမှုးကစိတ်အေး​ေအားထားစောင့်ကြည့်
ဖို့နဲ့ နောက်တစ်နာရီလောက်နေလို့ပြန်မရောက်
သေးရင် သူ့ကိုဖုန်းထပ်ဆက်ပါတဲ့...
      အခု ၁၀ နာရီထိုးခါနီးနေပြီ ငါသူ့ကိုဖုန်း
ဆက်ပြီး အကျိုးအကြောင်းပြောလိုက်ဦးမယ်...
ဘာမှန်းမသိသေးတော့ လူပျောက်တိုင်ဖို့က
လည်းစောနေသေးလားလို့..."

       " ကျွန်တော်အခု ဒေဝီသွားတက်တဲ့ နေရာ
တွေကို စုံစမ်းကြည့်လိုက်ဦးမယ်...အင်း...
ညဆိုတော့ လက်လှမ်းမှီသလောက်ပဲ လျှောက်
ကြည့်လို့ ရဦးမယ်... "

         "အေးကွာ... ကျေးဇူးတင်ပါတယ်...
ရှိုင်းနေနဲ့ သမီးငြိမ်းလည်း အခုလောက်ဆို
ရှာနေလောက်ရော​ေပါ့... "

       "ဟုတ်ကဲ့ ဦးလေး ဒါပဲနော်..."

        🎶🎶🎶🎶🎶

      ဖုန်းကချလိုက်သည်နှင့် အဝင်ကောတစ်
ခုကဝင်လာပြန်၏။ ရှိုင်းနေ၏ဖုန်းဖြစ်၏။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now