အမှောင်ကမ္ဘာရဲ့ အလင်းရှင်အပိုင်း(၁၂)
မိုးသက်ထန်နှင့်မဟာတို့ မိန်းကလေးအဆို
တော် သူငယ်ချင်းတစ်ယောက်၏ မွေးနေ့ပါတီ
မှပြန်လာခဲ့ကြခြင်းဖြစ်သည်။ ကားကိုမဟာက
မောင်းပြီး မိုးသက်ထန်က နံဘေးခုံတွင်ထိုင်
ကာ လိုက်ပါလာခဲ့သည်။မဟာက မိုးသက်ထန်ကိုကြည့်ရင်း
"မိုးသက်... မင်းအိပ်မက်ဆိုးတွေမက်သေး
လား... မင်းပြီးတော့မမြင်ချင်တဲ့ အကောင်
ကြီးကိုရော ညညမြင်ရတုန်းပဲလား..."မိုးသက်ထန်က ခေါင်းညိမ့်လိုက်ပြီး
"လရောင်ရောက်လာပြီးတဲ့နောက်ပိုင်း
ကျွန်တော် အိပ်မက်ဆိုးတွေသိပ်မမက်တော့
သလို၊ မမြင်ချင်တဲ့ သရဲလိုလိုဘာလိုလို
အကောင်ကိုလည်း သိပ်ပြီးမတွေ့ရတော့
ဘူး..."
"လရောင်က ပရကိစ္စတွေကို နားလည်ပုံ
ရတယ် ကိုကြီး ညတိုင်းကျွန်တော်အိပ်တဲ့
နေရာကိုစည်းချပေးတယ်... ဂါထာတွေ
ရွတ်ပြီး ကျွန်တော့်ခေါင်းကို ရေနဲ့တောက်
တယ်..."
"အစက သူလုပ်တာတွေကို ရယ်စရာ
ကောင်းတယ်လို့တွေးမိခဲ့တယ်...ပရလောက
အစီအမံကိစ္စတွေကို မယုံပေမယ့် သူက
ကျွန်တော်ကောင်းဖို့ လုပ်ပေးနေရှာတာပဲ
လေဆိုပြီး ညိမ်နေပေးခဲ့တာ..."
"ဒါပေမယ့်အခု ကျွန်တော် သူ့ကိုယုံကြည်
လာမိတယ်... သူ အဲ့လို စည်းတွေဘာတွေ
ချပေးတဲ့ညဆို ကျွန်တော် ကောင်းကောင်း
အိပ်လို့ရတယ်... ခြောက်လှန့်တာတွေလည်း
မကြုံရတော့ဘူး...ဒါတိုက်ဆိုင်မှု မဟုတ်တော့
ဘူး...ခဏ ခဏဖြစ်နေပြီလေ..."မဟာက ပြုံးလိုက်ရင်း
"ဒီကောင်မလေးက ဒါဆိုဘယ်ဆိုးလို့လဲ...
သရဲနိုင် မှော်ဆရာမလေးလား မသိဘူး..."မိုးသက်ထန်က ပြုံး၍ခေါင်းညိမ့်ရင်း
"ဟုတ်တယ်... သူက သာမာန်လူတော့
မဟုတ်တာသေချာတယ်... သူ့မှာ ခန့်မှန်း
လို့မရတဲ့ စွမ်းအင်တစ်ခုခုရှိနေသလိုပဲ..."မဟာ ပြုံးရာမှ ရယ်လာရင်း
"အေးပါ ငါ့ညီရာ...မင်းပဲ မင်းကောင်မလေး
ကို အမွှန်းတင်တော့... အဲ... ဒါနဲ့ ကိုကြီး ဟိုတ
နေ့ကလွှတ်လိုက်တဲ့ အထက်လမ်းဆရာ မင်း
အိမ်ကိုစစ်ဆေးတော့ ဘာတွေထူးထူးခြားခြား
ပြောသွားလဲ... ကိုကြီးက အဲ့နေ့က မန္တလေး
ရောက်နေလို့ မသိလိုက်ဘူး..."
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇