အပိုင်း ၁၃

25 1 0
                                    


ရင်ကွဲတစ္ဆေ

အပိုင်း(၁၃)

           ညအမှောင်ကနေရာယူလာပြီဖြစ်၍ အလင်း
ရောင်က တဖြည်းဖြည်းနေရာဖယ်ပေးနေရသည်မှာ
လောကတစ်ခုလုံး အနက်ရောင်သမ်းလာနေပြီဖြစ်
၏။ လေတိုးသံ သစ်ရွက်လှုပ်သံမှလွဲ၍ လူသူပြတ်
လတ်ပြီး ခြောက်ချားဖွယ်အသွင်ဖြစ်နေသော နေရာ
တစ်ခု၌ မိန်းမချောတစ်ယောက်ရောက်ရှိနေ၏။
          ကြာနက် လူသူရှင်းသောမြို့ပြင်တစ်နေရာသို့
ရောက်နေပြီး မြင်မြင်ရာ၌ခြုံနွယ်များ အဆောက်အအုံ
ဟောင်းများသာမြင်နေရသည်။ သာမာန်မိန်းကလေး
ဆိုလျှင်ဤအချိန်ဤနေရာမျိုးကို စိတ်ကူးနှင့်ပင်လာရဲ
လိမ့်မည်မဟုတ်ပါ။
         
           မိနစ်အနည်းငယ်အကြာ၌ အနက်ရောင်
ကားတစ်စီး သူမအနီးသို့ရောက်လာကာ စက်ရှိန်
သတ်ကာရပ်တန့်လိုက်၏။     

            ဝူး.....  ဝေရာ....

          ကားပေါ်မှ သက်လတ်ပိုင်း လူ၄ယောက်
ဆင်းလာပြီး သူမရှိရာလျှောက်လာကြ၏။

           ထိုလေးယောက်စလုံးက သူမအားမထီတထီမျက်နှာထားများဖြင့် ကြည့်နေကြပြီး တစ်ယောက်
ကပြောလိုက်၏။

       "ကြာနက်...မိုးကြိုးတို့လည်းမတွေ့ဘူး နင်တစ်
ယောက်တည်းလာတာလား..."

         " အေး...ဟုတ်တယ်...စကားပြောဖို့အချိန်မရှိ
ဘူး ကိစ္စမြန်မြန်ဖြတ်မယ်...ဒီမှာပစ္စည်း ငါ့ကိုငွေမြန်
မြန်ပေး..."

           သူမလက်ထဲမှ ပလက်စတစ်ဖြင့်ထုတ်ထား
သော အဖြူရောင်အမှုန့်များပါသော အထုတ်လေးကို
ထိုလေးယောက်ထဲမှ တစ်ယောက်ကိုကမ်းပေးလိုက်
၏။         
         ထိုသူက ထိုအထုတ်လေးကိုအပ်ဖြင့်ဖောက် 
၍ အနည်းငယ်ရှုကြည့်လိုက်ရင်း...

           "ဟင်း...ဟင်း...အစစ်ပဲ...ပစ္စည်းကောင်း
တယ်...ဒါပေမယ့် ငါတို့မှာနင့်ကိုချေစရာ ငွေပါမလာ
ဘူး..."

          "ဘာ...ဘာပြောတယ်..."

           "ဟား...ဟား...ဟုတ်တယ်...ငွေမပါလာဘူး.. ငွေအစား နင့်ကိုတစ်ခုခုပြန်ပြီးချီးမြှင့်ပေးမယ်
ဘယ့်နှယ့်လဲ...
           အဲ့ဒါဘာလဲဆိုတော့ နင့်ကိုငါ့ရဲ့အပျော်ရည်း
စားအသစ်စက်စက်လေး ဖြစ်ခွင့်ပေးမယ်လေ ဘယ်
လိုလဲ...ဟား...ဟား....."   

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now