၁၅

21 1 0
                                    

ပန်းခြွေမိစ္ဆာ
                               နှင့်
                  သတ္တမမြောက် အပျိုစင်


                         အပိုင်း(၁၅)

            ကျွန်တော် ပိန်းပေါက်အောင်မှောင်နေ
သော နေရာတစ်ခုသို့ရောက်နေ၏။ အရာအား
လုံးမှောင်မဲတိတ်ဆိတ်နေပြီး အဝေးဆီ၌ အ
လင်းရောင်ရှိနေသော နေရာလေးတစ်ခုကိုမြင်
ရသဖြင့် ထိုနေရာသို့ အမြန်ဆုံးပြေးသွားမိ၏။

         အနီးရောက်မှ မြင်လိုက်ရသောမြင်ကွင်း
ကြောင့် ကျွန်တော်ထိန့်လန့်သွားမိသည်။ သွေး
သံရဲရဲနှင့်မိန်းမပျို တစ်ဦး၏ ရုပ်အလောင်းအား ပိတ်ဖြူခင်းထားသော ကုတင်တစ်လုံးပေါ်၌
တွေ့လိုက်ရ၏။ ပို၍ခြောက်ခြားစရာကောင်း
သည်က ထိုမိန်းမပျို၏ဝမ်းပြင်သားအလယ်မှာ
ပြတ်ထွက်နေပြီးသွေးများတရဟောကျနေ၏။
         အနီးကပ်ကြည့်မှ ပိန်းမပျို၏မျက်နှာကို
မြင်လိုက်ရ၏။ ကျွန်တော့်ရင်ထဲ နာကျင်စူးနင့်
စွာခံစားလိုက်ရ၏။ သူမသည် ကျွန်တော့်၏
တောရိုင်းပန်းကလေး ရှင်မင်းပင်ဖြစ်၏။ သွေး
အလိမ်းလိမ်းဖြင့် ညိမ်သက်နေရာမှ ကျွန်တော်
အနားရောက်လာသောအခါ သူမ၏မျက်လုံးတို့
ဖျက်ကနဲဖွင့်လာ၏။
       
         "ဟင်..."

        သူမ မျက်ရည်တို့ကျဆင်းနေပြီး ငိုကြွေး
ရင်းပြော၏။

         "အ...အကိုမြို့သား....မမနတ်သမီးကို
မြန်မြန်သွားကယ်ပါ...ကျား...ကျားဖြူတောင်
ကိုသွား...မြန်မြန်သွားပါနော်...
          အချိန်မမှီရင် ...မမနတ်သမီး...ညီမလေး
လို ကံဆိုးသွားလိမ့်မယ်...မြန်..မြန်သွားပါ...."

          ရုတ်တရက် ကုတင်ပေါ်တွင်ရှိနေသော
သူမမှာ အခိုးအငွေ့သဏ္ဍာန်ပြောင်းလဲသွား
ကာ လွင့်မျောပျောက်ကွယ်သွား၏။
         နောက်ထပ်အခိုးအငွေ့ သဏ္ဍာန်တစ်ခု ထပ်မံစုစည်းဖြစ်ပေါ်လာကာ ကုတင်ပေါ်တွင် မိန်းမပျိုနောက်တစ်ယောက် ရောက်လာပြန်၏။ သူမသည်လည်း သွေးအလိမ်းလိမ်းနှင့်ပင် ညိမ်
သက် သေဆုံးနေပြီဖြစ်၏။

           "ဟင်...ဒေ...ဒေဝီ..."

          ထိုမိန်းမပျိုမှာ ဒေဝီဖြစ်နေသည်မို့ ကျွန်
တော် ထိတ်လန့်စွာခေါ်လိုက်မိ၏။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now