18 0 0
                                    

သန္ဓေသားပျော်ရည်ဆေး
                         အပိုင်း(၄)

     "မလုပ်ပါနဲ့ရှင်...ကြောက်ပါတယ်...
ဟီး... အဟင့်...ရှင်လိုချင်သလောက်ငွေ
ပြောပါ ကျွန်မမိသားစုက ပေးပါလိမ့်မယ်...
ကျွန်မကို လွှတ်ပေးပါ...အဟင့်...ဟင့်...

     သနားစဖွယ်ငိုကြွေးနေသော ကိုယ်ဝန်သည်
အမျိုးသမီးတစ်ယောက်မှာ ပက်လက်အနေ
အထားဖြင့် သံကုတင်၌ အချုပ်အနှောင်ခံထား
ရခြင်းဖြစ်သည်။
     သူမ၏ ခြေလက်တို့က ကုတင်သံတိုင်များ
နှင့်သွယ်တန်းထားသော သံခြေကျင်းများဖြင့်
ခတ်နှောင်ထားသဖြင့် လှုပ်ရှားမရဘဲ ပက်လက်
အနေအထားဖြင့် အထိန်တလန့်ငိုနေရှာ၏။

     ရန်ကြီးအောင်က စနစ်တကျချုပ်နှောင်
ထားသော ထိုကိုယ်ဝန်ဆောင်အားပြုံး၍
ကြည့်လိုက်ပြီး သူ၏အရှေ့တွင် ရို့ရို့လေး
မက်တပ်ရပ်နေကြသော ၁၃ နှစ်ဝန်းကျင်
ခန့်ရှိသော ကလေး၄ယောက်ကို အေးစက်စက်
ပြုံး၍ ကြည့်ရင်း

     "မင်းတို့ကိုငါ လူမှန်းသိတတ်စအရွယ်တည်း
ကကျွေးမွေးလာခဲ့တာ... ငါကမင်းတို့အဖေဆို
လည်းဟုတ်တယ်... ဆရာဆိုလည်းဟုတ်တယ်...
ဒီတော့... မင်းတို့ငါ့စကားကို အမိန့်လို မှတ်ယူ
ရမယ့် အချိန်ရောက်လာခဲ့ပြီ...
     ငါလည်း သားကောင်တွေကို ငါ့ဘာသာ
ရှာဖွေရတာမောလှပြီ...
     ဒါပေမယ့် မင်းတို့က သားကောင်ဖမ်းနိုင်
လောက်တဲ့အရွယ်ရောက်ဖို့လိုနေသေးတယ်...
ဒါပေမယ့် နောက်နှစ်အနည်းငယ်ဆိုရင် မင်းတို့
ကိုယ်တိုင် သားကောင်ဖမ်းဖို့ အချိန်ရောက်လာ
တော့မယ်...
     ရက်စက်ခက်ထန်ပြီး ကိုယ်ချင်းစာတရား
မရှိတဲ့လောကကြီးအလယ်မှာ ကျားဆိုးတွေလို
ရှင်သန်နိုင်ဖို့ မင်းတို့ကိုငါ အကြိမ်ကြိမ် သင်ပေး
ခဲ့ပြီးပြီ...
     အခုကစပြီး မင်းတို့ ကိုယ်တိုင်သားကောင်
မဖမ်းနိုင်သေးပေမယ့် မင်းတို့ကိုသားကောင်ကို
အမဲဖြတ်တဲ့နည်း စသင်ပေးမယ်...
     မင်းတို့ကို ကိုယ်ဝန်ဆောင်အရုပ်တွေနဲ့
အကြိမ်ကြိမ်သင်ပေးခဲ့ပြီးပါပြီ...
     အခုလူအစစ်နဲ့ လေ့ကျင့်ဖို့အချိန်ကျပြီ...
လွယ်ပါတယ်...လက်ရဲပြီး စိတ်ကိုတည်ညိမ်
အောင်ထားတက်ရင်ရပြီ...
     ဒါကို အလုပ်တစ်ခုလို သဘောထားပြီးလုပ်...
အေး... မြန်မြန်ဆန်ဆန် လုပ်ရဲတဲ့သူကို
အိမ်မြောင်အမြီးနှစ်ခွနဲ့ စီရင်ထားတဲ့ ဆေး
ပေါက်ပေးပြီး အစွမ်းတစ်ခု ချီးမြှင့်မယ်...
      လက်တွန့်နေပြီး မလုပ်ရဲဘူးဆိုရင်တော့...
မလုပ်ရဲတဲ့သူ ဘယ်ဘက်လက်သန်း အဖြတ်
ခံရမယ်...
     မှတ်ထား...ငါ့တပည့်ဖြစ်နေပြီ ဖြစ်တဲ့မင်းတို့
ဆီမှာ ကိုယ်ချင်းစာစိတ်တို့ သူရဲဘောကြောင်တဲ့
စိတ်တို့ လုံးဝရှိနေလို့ မဖြစ်ဘူး...
အားလုံး..နားလည်လား..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now