အပိုင်း(၄)
အိပ်မောကျနေပြီဖြစ်သော အမဖြစ်သူ
ကို မိုးသက်ပြုံး၍ကြည့်လိုက်မိသည်။ ကုတင်
တစ်လုံးစီဖြစ်သော်လည်း အလုပ်သမားတန်း
လျားလေးတွင်မို့ တစ်ခန်းစီမအိပ်ကြရပါ။
မိုးသက် နှင်းကဗျာ၏ကိုယ်ပေါ်သို့ စောင်
ပါးလေးကိုခြုံပေးလိုက်၏။ မိခင်လို အမလို
သူငယ်ချင်းလို ချစ်ရသော အမဖြစ်သူက မိုး
သက်ဘဝတွင် အတွယ်တာရဆုံး လူသားတစ်
ယောက်မဟုတ်ပါလား....
အမဖြစ်သူ နှင်းကဗျာနှင့် ပြောခဲ့ဖူးကြ
သောစကားအချို့ကို ကြားယောင်လာမိသည်။" မောင်လေးက မမရဲ့ ကမ္ဘာကြီးပါ...
မမက မောင်လေးကို အမြဲတမ်း အချစ်ဆုံးပဲ..."
"ဒါကတော့...မမချစ်သူမရခင်ပြောတာ
ပါဗျာ...ချစ်သူရရင် ကျွန်တော်က နံပါတ်နှစ်ဖြစ်
သွားမှာပါ...""ဟင့်အင်း....ချစ်သူရခဲ့ရင်တောင်...
အဲ့ဒီချစ်သူဟာ မောင်လေးနဲ့အဆင်ပြေတဲ့သူ
မောင်လေးကို ပံ့ပိုးပေးနိုင်မယ်သူကိုပဲရွေးမှာ..
ချစ်သူရခဲ့ရင်လည်း အဲ့ဒီ့ချစ်သူဟာ
မောင်လေးနဲ့ ယှဉ်ရင် နံပါတ်တစ်ဖြစ်မလာစေရ
ဘူး... မောင်လေးက မမ မသေမချင်း မမ အ
တွက် တစ်ဦးတည်းသော နံပါတ်တစ်...""ဟား...ဟား...အပျိုကြီးက အပြော
ကောင်းချက်ဗျာ...မယုံပါဘူးဗျာ...""တကယ်ပါဆို..."
"မယုံဘူး...ယုံစေချင်ရင် မုန့်ဝယ်ကျွေး.."
"ဟား...ဟား...ဒီကောင်လေးကတော့
လေ..."မိုးသက် နှင်းကဗျာကိုစောင်ခြုံပေးပြီး
သည်နှင့် သူ၏ကုတင်လေးရှိရာသို့ သွားရန်ထ
လိုက်၏။"အစ်ကို....အစ်ကိုထင်လင်း..."
"ဟင်..."
မိုးသက် အံ့ဩသွား၏။ သူ၏အမသည်
ထင်လင်းနာမည်ကို ယောင်၍ရေရွတ်နေသည်
မဟုတ်ပါလား..."နှင်း...နှင်းလေ...အစ်ကို့ကို ချစ်ပါတယ်..."
"ဟင်... "
နှင်းကဗျာ ထပ်ယောင်လိုက်သောစကား
ကြောင့် မိုးသက်မျက်လုံးပြူးသွား၏။ မိုးသက်
အံ့ဩသွားသည်မှာ မဆန်းပါချေ။ ရင်ဖိုပင်မ
သမ်းဖူးသော အမဖြစ်သူ အပျိုသိုးလေးက
ယောက်ျားတစ်ယောက်ကို ချစ်သည်ဆိုပါလား...
မိုးသက်ကြည့်နေဆဲမှာပင် နှင်းကဗျာ
လန့်နိုးလာ၏။ သူမ မလုံမလဲဖြင့် မိုးသက်ကို
ပြောလိုက်၏။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇