အပိုင်း ၁၂

44 3 0
                                    


ကယ်တင်ရှင်သေမင်း
အပိုင်း(၁၂)

    ဒေဝီ သတိရလာခဲ့သည်။အနည်းငယ် မှောင်ရီ
နေသော အခန်းဖြစ်ပြီး သူမ၏လက်၂ဖက်ကို
လက်ပြန်ကြိုးတုတ်ထားပြီး ခြေ၂ဖက်ကိုလည်း
ပူး၍ ကြိုးချည်၍ထားသည်။

     မကြင်လင်သေးသော ဉီးခေါင်းမှာ နောက်ကျိ
ကိုက်ခဲနေဆဲပင်ဖြစ်သည်။ သူမရောက်နေသော
အခန်းအား မျက်စိဝေ့ဝဲကြည့်၍လေ့လာ ကြည့်
လိုက်မိသည်။ သံကုတင်တစ်လုံး စားပွဲများနှင့်
အထူးအဆန်းရုပ်ထုများနှင့် လူအရိုးတိရိစ္ဆာန်
အရိုးအချို့ကိုတွေ့ရပြီး အောက်သိုးသိုးရနံ့နှင့်
မနှစ်မြို့စရာနေရာတစ်ခုသာဖြစ်၏။

    " ငါ... ငါ ဘယ်ရောက်နေတာပါလိမ့်... ငါ့ကို
ဖမ်းတဲ့သူက ဘာဖြစ်လို့ဖမ်းရတာလဲ...ပြန်
ပေးဆွဲတာများလား...
    အား... ခေါင်းကိုက်လိုက်တာ... ကျွတ်.. ကျွတ်..."

     ဒေဝီကြိုးစား၍ ငုတ်တုတ်အနေအထား
ဖြစ်စေရန် ထ၍ကိုယ်ဟန်ပြင်လိုက်၏။
ထိုင်၍ရသော်လည်း လှုပ်ရှား၍မရသော
အနေအထားမို့ နေရထိုင်ရ ခက်ခဲလှ၏။

    .....

   " ဟင်..."

     တစ်စုံတစ်ယောက်လာနေသော ခြေသံကို
ဒေဝီကြားလိုက်ပြီး မရှေးမနှောင်းမှာပင် သူမ
၏အရှေ့သို့ ဝင်းဝါလှပနေသော ခြေဖမိုးတစ်
စုံရောက်ရှိလာသဖြင့် ဒေဝီမော့ကြည့်လိုက်မိ
သည်။
     အနက်ရောင်ပိုးသားအကျင်္ီလည်ဟိုက် လက်
တိုနှင့် အနက်ရောင် လုံချည်စကပ်အရှည်ကို
ကျော့ရှင်းလှပစွာ ဝတ်ဆင်ထားသောအမျိုး
သမီးတစ်ယောက်က ဒေဝီ့အား ပြုံး၍ငုံ့ကြည့်
နေ၏။

    " ရှင်... ရှင်က ဘယ်သူလဲ..."

    အနက်ရောင်ဝတ်စုံနှင့်အမျိုးသမီးက စီးကရက်
တစ်လိပ်ကို နှုတ်ခမ်းဖူးလေးတွင်တပ်ကာ မီးညှိ
လိုက်ပြီးမှ အေးစက်ခက်ထန်နေသော အသံဖြင့်

     "ငါ့နာမည်... မဟူရာ...."

     ​ေဒဝီ သူမကိုစူးစိုက်ကြည့်နေမိပြီးမှ

     "ကျွန်မကို ဘာလို့ဖမ်းထားတာလဲ..."

    "နင့်ကိုဖမ်းရတဲ့အကြောင်းရင်းက နင့်အဖေကိုလက်စားချေချင်လို့ပဲ..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now