အမှောင်ကမ္ဘာရဲ့ အလင်းရှင်
အပိုင်း(၁၉)
တီ တီ တီ.....
ဒေဝီ မြေတိုက်ခန်းတံခါးနံဘေး ဒိုင်ခွက်အ
တွင်းမှ ခလုတ်လေးများကို သူမမှတ်ထားသော
password အတိုင်းနှိပ်လိုက်၏။ဝရော...
တံခါးက ညှင်သာစွာပွင့်သွားပြီး ရှေ့
ပေအနည်းငယ်အတွင်း မြေအောက်သို့
ဆင်းသော လှေကားထစ်ဖြူဖြူလေးများ
ကိုမြင်နေရ၏။ဒေဝီ အတိုင်းသို့ဝင်လိုက်သည်နှင့်
တံခါးက သူ့အလိုလို ပြန်ပိတ်သွားတော့သည်။
အော်တို ဆင်ဆာ စနစ်ဖြစ်သည်။ပြန်ထွက်
လိုလျှင်တော့ password နှိပ်ရန်မလိုဘဲ တံခါး
ရှိအာရုံခံဆင်ဆာပြားရှေ့ရပ်ရုံနှင့်ပြန်ပွင့်မည်
ဖြစ်သည်။ဒေဝီ မြေတိုက်ခန်းအတွင်းဆင်းလာခဲ့သည်။
ခပ်စိမ့်စိမ့်အအေးဓါတ်ရနေပြီး မြေတိုက်ခန်း
တို့၏ ထုံးစံအတိုင်း တိတ်ဆိတ်၍နေ၏။
တန်ဖိုးကြီးဝိုင်များ၊ ရှန်ပိန်များ သိုလှောင်ရာ
မြေတိုက်ခန်း ဖြစ်သဖြင့် သင့်တင့်မျှတသော
အပူချိန်ရှိပြီး အအေးကဲကာ ခြောက်သွေ့
သန့်ရှင်းအောင် ပြုလုပ်ထား၏။ဒေဝီဝင်လာသည်နှင့် လမ်းတလျှောက်
လျှပ်စစ်မီးများအလိုလိုလင်းလာပြီး
မြေတိုက်ခန်းတစ်ခုလုံး လင်းထိန်သွား၏။
လူလာပြီး လှုပ်ရှားမှုရှိလျှင် အလိုလို
မီးလင်းစေသော အာရုံခံဆင်ဆာများဖြင့်
မီးလုံးများကို ဆင်ထားခြင်းဖြစ်သည်။
လူပြန်ထွက်သွားပြီး လူလှုပ်ရှားမှုမရှိတော့
ဘဲ ၁ မိနစ်ခန့်ကြားလျှင် မီးများက အလိုလို
ပြန်မှိုတ်သွားမည်ဖြစ်သည်။ ခလုတ်မသုံးဘဲ
အော်တိုဆင်ဆာ စနစ်ကိုအသုံးပြုထားခြင်း
ဖြစ်သည်။မြေတိုက်ခန်းက ဒေဝီထင်ထားသည်ထက်
ပင်ပိုကျယ်ပြီး အတော်ပင်ကြီးမားသော သစ်
သားစင်ကြီးများ အများအပြားရှိပြီး သစ်သား
စင်များ၌ တန်ဖိုးကြီး ဝိုင်များ၊ရှန်ပိန်များနှင့်
အခြား တန်ဖိုးကြီး အရက်များ အမျိုးအစား
အလိုက် သပ်ရပ်စွာရှိေနကြ၏။
စင်ကြီးများက အကန့်လိုက် အကန့်လိုက်
ခြောက်ပေခြားလောက်စီရှိကြပြီး အခန်းများဖွဲ့
ထားသကဲ့သို့ဖြစ်နေပြီး အားလုံး သစ်သားစင်
၄ တန်းရှိပြီး တစ်တန်းလျှင် ၆ လုံးခန့်ရှိလေ
သည်။
လျှောက်လမ်းက ၃ လမ်းရှိပြီး လမ်းအ
ကျယ်က တစ်လမ်းလျှင် ၆ ပေရှိ၏။သစ်သား
စင်များ လမ်းများ၏ တစ်ဘက်တစ်ချက်တွင်
ယာယီထိုင်နိုင်ရန် ခုံတန်း၂ခု နှင့် စားပွဲ၂ ခုရှိပြီး
ထိုင်ခုံများလည်းရှိ၏။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇