အခန်း ၁၃

94 9 0
                                    

နှလုံးသွေးနဲ့ ရေးတဲ့ကျိန်စာ အပိုင်း(၁၃)

         ပန်းနု၏ အမေ အန်တီပိုးဝါက ဇာတ်ကြောင်း
တစ်ခု၏ အစိတ်အပိုင်းတစ်ခုအား ကျွန်တော်နှင့်ပန်း
နုကိုပြောပြပြီး စကားကို ဆက်မပြောသေးဘဲခေတ္တ
ရပ်တန့်လိုက်၏။သူမ ရှည်လျှားစွာပြောခဲ့ရသည့်
အတွက်မောပန်းသွားဟန်ရှိ၏။

          ပန်းနုက မေးလိုက်၏။

       " မေမေ ဒါဆို... ဒေါက်တာထင်လင်းရဲ့
ဇနီး ဒေါ်သီရိဆုံးရတာ နှင်းကဗျာဆိုတဲ့အမျိုး
သမီးရဲ့ ကျိန်စာကြောင့်ပေါ့နော်...."

            "ဟုတ်တယ်သမီး.... နှင်းကဗျာရဲ့ ကျိန်
စာက သိပ်ကြောက်စရာကောင်းတယ်...ဒီကျိန်
စာရဲ့ အကျိုးဆက်တွေက မဆိုင်တဲ့သူတွေကို
ပါ ကူးစက်လာတာကတော့ တော်တော်စိတ်မ
ကောင်းစရာပဲ...
          နှင်းကဗျာဟာ ရိုးသားပြီးအေးဆေးခဲ့
ပေမယ့် သိပ်ကို အငြိုးကြီးလွန်းတယ်...
         အစက နှင်းကဗျာဆိုတဲ့နာမည်လေးနဲ့
လိုက်အောင် အေးချမ်းတည်ငြိမ်တဲ့ မိန်းကလေး
တစ်ယောက်ပါ...ဒါပေမယ့် ရက်စက်မှုတွေက
သူ့ကို အစွမ်းကုန်ထိုးနှက်လာတဲ့အခါမှာ သူ့နာ
မည်နဲ့ ဆန့်ကျင်ဘက်ဖြစ်လာပြီး ပူလောင်ပြီး
အာဃာတကြီးတဲ့သူတစ်ယောက် ဖြစ်လာခဲ့
တယ်....
           အင်းလေ...သူကလည်း အစွန်းကုန်
ရက္စက္ခံခဲ့ရတာကိုး..."

            အန်တီပိုးဝါက စကားမဆက်ခင် ခေတ္တ
တိတ်ဆိတ်နေပြန်၏။ ကျွန်တော်ရော ပန်းနုပါ
သူမ၏ရှေ့ဆက်ပြောမည့်စကားကို နားစွန့်နေမိ
ကြသည်။ စက္ကန့်အနည်းငယ်အကြာတွင် သူမ
ဆက်ပြော၏။

           " ဒေါက်တာထင်လင်းဟာ သူ့မိန်းမသေ
ဆုံးရတာ သူ့ပယောဂကြောင့်လို့ ယုံကြည်သွား
တယ်....နှင်းကဗျာရဲ့ ကျိန်စာကိုလည်း အရမ်း
ကို ကြောက်လန့်သွားခဲ့တယ်...
           အိပ်မက်ဆိုးတွေလည်း ညတိုင်းလိုလို
မက်ပြီး လန့်လန့်နိုးတဲ့ညတွေ မရေမတွက်နိုင်
အောင်ပါပဲ..."

           "သူညတိုင်းလိုလိုယောင်ယောင်ပြီး
အော်တက်တဲ့စကားတွေက တခြားသူတွေ
အလွတ်ရလောက်အောင်ကို အက်ကြောင်း
ထပ်နေခဲ့တယ်..."

          "သီရိ ကို့ကိုခွင့်လွတ်ပါ...သီရိကို ကိုထား
ရစ်ခဲ့မိတယ်...ကို့ကိုခွင့်လွတ်ပါကွာ...ဆိုပြီး
ယောင်အော်တာ မကြာခဏပါပဲ...
          ပြီးတော့ အမှောင်ကမ္ဘာ ၊ ခွေးနက်ကြီး
ပြီးတော့ဝိညာဉ်တွေ...ဒီစကားလုံးတွေလည်း
ခဏခဏယောင်ယောင်အော်နေခဲ့တာ မသေခင်
အထိပါပဲ..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now