ပန်းခြွေမိစ္ဆာ
နှင့်
သတ္တမမြောက် အပျိုစင်အပိုင်း(၁)
မိန်းကလေး၏ငိုရှိုက်သံ ငြီးညူသံမှတ
ပါး မြေတိုက်ခန်းအတွင်း၌ တိတ်ဆိတ်၍နေ၏။" မ...မလုပ်ပါနဲ့ရှင်...ကျွန်မမှာဘာအပြစ်
ရှိလို့လဲ....ဟီး....အဟင့်....ကြောက်...ကြောက်
ပါတယ်...."မိန်းမပျို၏ဘယ်ဘက်လက်ဖဝါး တစ်ခုလုံး
လက်ကောက်ဝတ်နေရာမှစ၍ ပြတ်ရှဒါဏ်ရာ
များစွာနှင့် သွေးချင်းချင်းရဲနေ၏။သူမ၏လက်
မောင်းတစ်ဖက်စီအားအားကောင်းမောင်းသန်
ယောက်ျားနှစ်ယောက်က တစ်ဖက်စီချုပ်ကိုင်
ထားသဖြင့် သူမ၏ရုန်းကန်မှုမှာ အချည်းအနှီး
သာဖြစ်နေ၏။သူမကြောက်လွန်းလှသဖြင့်အသားတို့ တ
ဆက်ဆက်တုန်နေရှာ၏။ ဦးမိုးမှောင်ကမိန်းမပျို
အား အနည်းငယ်မျှဂရုဏာစိတ်ဖြစ်မိဟန်မရှိ
ပါ။ထို့နောက် သူမ၏ညာလက်ကိုချုပ်ကိုင်
ထားသော လူထွားကြီးက သူမ၏လက်ဖဝါး
အား အတင်းချုပ်ကိုင်ကာ စားပွဲတစ်ခုပေါ်သို့
တင်လိုက်၏။ မိန်းကလေးမှာသူ၏ညာလက်
ဖဝါး၏အနာဂါတ်ကို ရိပ်မိရှာသည်မို့ ရုန်းကန်
ရှာသော်လည်း အင်အားချင်းကဆင်နှင့်ဆိတ်
လိုကွာခြားလှသည်။ သူမ၏ဖြန့်လျှက်အနေအ
ထားလက်ဖဝါး မှာစားပွဲပေါ်တင်ပြီးသားဖြစ်
နေ၏။ဦးမိုးမှောင် အဆီပြန်နေသောမျက်နှာကြီး
ဖြင့်ကျေနပ်စွာပြုံးလိုက်ပြန်ရင်း...သူမ၏လက်ဖဝါးနှင့်လက်ဖမိုးကို ကြက်သား
ပေါင်းအနှစ်များဖြင့် စုတ်တံဖြင့်ဆေးချယ်သလို
သုတ်လိမ်းလိုက်၏။" မလုပ်ပါနဲ့ရှင်.....ဟီး...အဟင့်...ကယ်...
ကယ်ကြပါဦး....."သူမ၏သနားစဖွယ် အကူအညီတောင်း
ခံသည့်အသံမှာ မြေတိုက်ခန်းအတွင်း၌ဖြစ်၍
မည်သူမှကြားနိုင်မည်မဟုတ်ပါ။ဦးမိုးမှောင်က လေးထောင့်စပ်စပ်ဖန်
သေတ္တာကို (ငါးမွေးသည့်မှန်ပုံးကဲ့သို့အထူစား
ဖန်သေတ္တာ)အနည်းငယ်နေရာရွှေ့လိုက်ပြန်၏။
မှန်ပုံးအတွင်း၌ မြေကြွက်ဆယ်ကောင်ဝန်းကျင်
ခန့်ကို အသည်းယားစဖွယ်တွေ့လိုက်ရ၏။
မြေကြွက်ကြီးများမှာ ဖန်ပုံးအတွင်းရောက်လာ
မည့်မည်သည့်အစားအစာကိုမဆို ကိုက်ဖဲ့စား
သောက်ရန် အသင့်ရှိနေသောပုံစံရှိနေ၏။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇