အခန်း ၉

107 8 0
                                    

အပိုင်း(၉)

         ထင်လင်းတို့ ဇနီးမောင်နှံအပြင်သို့သွား
ခိုက်တွင်နှင်းကဗျာ အိမ်ထဲသို့ဝင်လာခဲ့ပြီး ၎င်းတို့
ဇနီးမောင်နှံ၏အခန်းရှိသောအိမ်ပေါ်ထပ်သို့တက်
လာခဲ့၏။ သူမ၏စိတ်ကထင်လင်းတို့ အခန်းတွင်
လျှို့ဝှက်သောတစ်စုံတစ်ရာ ရှိနေမည်ဟုထင်နေမိ
သည်။
           အပေါ်ထပ်ရောက်သည်နှင့် ထင်လင်း
တို့ အခန်းသို့တိတ်တဆိတ်ဝင်ခဲ့၏။သူမ အရင်
ကတည်းက အခန်းတံခါးသော့များထားရှိရာ
နေရာကို သိထားသဖြင့်သော့ကိုရှာဖွေကာတံခါး
သော့ပိတ်ထားသော အခန်းကိုဖွင့်၍ဝင်လာခဲ့
ခြင်းဖြစ်သည်။
       ထင်လင်းကလည်း သူ၏အိမ်ရှိ အလုပ်သမား
အားလုံးမှာ အကျင့်စာရိတ္တကောင်းသူများဖြစ်သဖြင့်
အခန်းသော့များကိုပိတ်သာပိတ်ပြီး သော့များကို
တကူးတကသိမ်းဆည်းခြင်းမရှိပါ။
          အခန်းတွင်းရောက်သည်နှင့် ဗီရိုကိုကြည့်
လိုက်ရာ တတိယထပ်ကိုတံခါးသော့ပိတ်ထားသော
ကြောင့် အိပ်မက်ကိုသတိရသွားမိပြီး ဗီရိုနှင့်မလှမ်းမ
ကမ်းတွင်ရှိသော စားပွဲခုံအဖြူလေးပေါ်ရှိ ပန်းအိုး
အစိမ်းရောင်လေးကိုယူကြည့်လိုက်မိသည်။
        ပန်းကိုခဏဖယ်လိုက်ပြီး အိုးကိုဇောက်ထိုးပြု
လုပ်ကာအတွင်းမှအရာကို သွန်ချလိုက်၏။

           ခလောက်...ချွင်...

           "ဟင်..."

           အိပ်မက်ထဲကအတိုင်း သော့ကလေး
တစ်ချောင်းရှိနေသဖြင့် နှင်းကဗျာ အံ့ဩသွားမိ
သည်။ အိပ်မက်ထဲကအတိုင်းဖြစ်နေသည်မ
ဟုတ်ပါလား...

           သော့ကလေးကိုယူပြီး ဗီရိုတတိယထပ်
တံခါးကိုဖွင့်လိုက်ပြီး အတွင်းသို့ကြည့်လိုက်၏။
စာအုပ်များ၊ ဖိုင်များ၊ စာချုပ်များနှင့် စာရွက်စာ
တမ်းများကိုတွေ့လိုက်ရ၏။
           စာအုပ်များမှာ စီးပွားရေးပညာစာအုပ်
များ၊ဆေးပညာစာအုပ်များ၊ တက်ကျမ်းစာအုပ်
များနှင့် အခြားရှားပါးစာအုပ်များပါဝင်၏။
ဒိုင်ယာရီစာအုပ်အဟောင်းများကိုလည်း တွေ့
ရပြီး ထင်လင်းသည် ဒိုင်ယာရီပုံမှန်ရေးလေ့ရှိသူ
တစ်ယောက်ဖြစ်မှန်း သူမသိလိုက်ရသည်။
           ဗီရို တတိယထပ် နောက်ဆုံးညာဘက်
ထောင့်၌ စာအုပ်တစ်အုပ်ကို နှင်းကဗျာတွေ့
လိုက်ရ၏။ ဒိုင်ယာရီစာအုပ်တစ်အုပ်သာဖြစ်
ဟန်တူ၏။သူမအလွန်အံ့ဩသွားမိသည်။အိပ်
မက်ထဲတွင်မြင်ခဲ့ရသော စာအုပ်ဖြစ်ပြီး အိပ်
မက်ထဲက အတိုင်းစာအုပ်ကိုမျက်နှာဖုံးသော့
ခတ်ထားသည်ကို တွေ့လိုက်ရသည်။       
           နှင်းကဗျာ အခန်းထောင့်ရှိ ကြွေပန်းအိုး
ကြီးကို အကြည့်ရောက်သွားမိသည်။ အိပ်မက်
သာ ဆက်လက်မှန်ကန်လျှင် ထိုပန်းအိုးအတွင်း
၌ စာအုပ်အဖုံးဖွင့်သည့်သော့ ရှိနိုင်၏။သူမထွေ
ထွေထူးထူးစဉ်းစားမနေတော့ဘဲ ပန်းအိုးကြီး
၌ထိုးထားသောပန်းများကိုဖယ်လိုက်ပြီး ပန်းအိုး
ကြီးကို စောက်ထိုးအနေအထားလုပ်လိုက်၏။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now