ရင်ကွဲတစ္ဆေ
အပိုင်း(၈)ဂျိန်း!!.......
အတော်ကျယ်လောင်လှသော မိုးခြိမ်း
သံကြောင့် ကျွန်တော်တို့သာမက ဦးအာကာညံ၊
ဦးမျိုးဂုဏ်ရှိန်၏လူများပါ ဆက်ကနဲတုန်ခါသွားမိ
ကြသည်။လောကကြီးတစ်ခုလုံး ပို၍မှောင်မည်း
လာပြီး မိုးစက် မိုးပေါက်တို့လောကတစ်ခွင်သို့
အရှိန်ပြင်းစွာ ကျလာတော့သည်။ အချိန်အခါ
မဟုတ်သောဤမိုးသည် သဘာဝလွန်ကျိန်စာ
ကြောင့် ဖြစ်ပေါ်လာခြင်းပေလော...ဂျိန်း...ဂျိန်းဂျလိန်း......
ဝေါ..... ဝေါ....ဝရော....
အားလုံး ရာသီဥတုကို အာရုံရောက်
နေကြခိုက်တွင် ဒေဝီက ဧကရာဇ်နှင့် ရွှေနန်းစံအ
ရှေ့တွင် ဒူးထောက်ထိုင်လိုက်ရင်း နတ်မောင်နှံ
အရုပ်ကလေးကို ဧကရာဇ်တို့အရှေ့တွင် ချ
လိုက်၏။"ကိုဧကရာဇ်တို့ ဒီအရုပ်လေးကို အတူ
ဆုတ်ကိုင်ပြီး ဆုမြန်မြန်တောင်းပါ..."ဒေဝီ့စကားဆုံးသည်နှင့် ဧကရာဇ်ရော
နန်းစံပါ ပြိုင်တူခေါင်းညိမ့်လိုက်ကြပြီး အရုပ်
ကလေးကို ညာလက်ကိုယ်စီနှင့် အတူဆုတ်ကိုင်
လိုက်ကြ၏။ နတ်ဘီလူးဘက်အခြမ်းကို ဧက
ရာဇ်က ကိုင်ပြီး နတ်သမီးဘက်အခြမ်းကို ရွှေ
နန်းစံက ဆုတ်ကိုင်လိုက်သည်။ဒေဝီ တိုင်ပေးသည့်အတိုင်း ဧကရာဇ်တို့
လိုက်ဆိုကြ၏။"ကျွန်တော်၊ကျွန်မတို့သည် မေတ္တာစစ်ဖြင့်
ချစ်ကြသော ချစ်သူများဖြစ်ကြပါသည်။ ဤမှန်
ကန်သော သစ္စာစကားကြောင့် ဖခင်ဖြစ်သူများ
၏ အတ္တမာနများ နေရောင်ထိသည့်မြူမှုန်များ
လို အမြန်ဆုံးပျောက်ကွယ်ကြပါစေသား....
ကျွန်တော်၊ကျွန်မတို့သည် သက်ဆုံးတိုင်
မခွဲမခွာပေါင်းသင်းခွင့်ရသော ဇနီးမောင်နှံများ
ဖြစ်ရပါလို၏...."ဧကရာဇ်တို့၏သစ္စာစကား ပြီးဆုံးသည်
နှင့် ရာသီဥတုအခြေအနေ ရုတ်ချည်းပြောင်းလဲ
သွားပြန်၏။ တိမ်မည်းများ ပြန်လည်ပါးလျ
သွားပြီး မိုးချိန်းသံများ တဖြည်းဖြည်းပြန်လည်
တို့ညှင်း ပျောက်ကွယ်သွားပြန်၏။
ရုတ်တရက်ပြန်လည်ကြည်လင်လာသော ရာသီဥတုအခြေအနေကြောင့်အားလုံးအံ့အားသင့်ကြရပြန်၏။
ဦးအာကာညံနှင့် ဦးမျိုးဂုဏ်ရှိန်တို့၂
ယောက်မှာ ကျောက်ရုပ်ကြီးများကဲ့သို့ထွေထွေ
ကြီးရပ်နေကြပြီး မာန်ဆောင်စိတ်ဆိုးနေကြ
သည့်အသွင်များမဟုတ်ကြတော့ပါ။
YOU ARE READING
ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)
Horrorဆရာဇာမဏီရေးသားထားသော ဂမ္ဘီရဆန်းကြယ် ပရလောကဇာတ်လမ်းတွဲကို စိတ်၀င်စားရင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။ ဆရာဇာမဏီရေးသားထားတဲ့၀တ္ထုတိုင်းကို ပြန်လည်ကူးယူဖော်ပြခွင့်ပြုတဲ့ ခွင့်ပြုချက်လည်း ရထားပြီးပါပြီ။😇😇😇